part-31

4K 171 3
                                    


Unicode

လူကို မနိုင်တိုင်း သမန်းခြုံကြီးနှင့်ကိုင်ကိုင်ပေါက်ကာ ဆိုင်ကယ်ပေါ်သို့ အတင်းတက်ခိုင်းနေသော ဦးအပေါ် အဆိုးတစ်ယောက်သိပ်အဆာမကြေပါသော်လည်း ပြောတဲ့အတိုင်း လုပ်တတ်သည့် သူ့ရဲ့ အပြုအမူတို့ကြောင့် အဆိုးခဗျာ ပြောနေကျ ပါးစပ်လေးကိုပိတ်ရင်းသာ ဆိုင်ကယ်ပေါ်သို့တက်လိုက်ရလေသည်။

"ကဲ....မောင်းတော့... ဟွန့်"

ဆိုင်ကယ်ပေါ်သို့ မိမိနှင့်  ရန်ဖြစ်ထားသည့်နှယ် ဆောင့်ကာအောင့်ကာဖြင့် တက်လာသော ကလေးငယ်အား ကြည့်ရင်း  စေတန်တစ်ယောက် မသိမသာ ခိုးခွီနေရသလို လူလစ်ရင်လစ်သလို ပွစိပွစိနှင့် ဘာကိုပြောလို့ပြောမှန်းမသိ ပြောနေရှာသော ဒီနှစ်ခမ်းပါးလေးကြောင့်လည်း သူ့ခဗျာ အသည်းတွေယားလို့နေရလေတော့သည်။

"အဟမ်း...အဟမ်း...."

စေတန့်နှုတ်ခမ်းမှ ယောင်ယမ်းကာ ချောင်း နှစ်ချက်ဟန့်မိလိုက်တော့ ဒိုင်းခနဲဆိုပြစ်လွှတ်လိုက်သည့် ကလေးလေး၏ မျက်စောင်းလှလှလေးများက ဆိုင်ကယ်ဘက်မှန်မှတစ်ဆင့်စေတန့်နှလုံးသား ထဲသို့ အကွေ့အကောက်မရှိတန်းမတ်စွာ ဝင်ရောက်လို့လာခဲ့လေတော့သည်။

အားရား.... ဒီကလေးပေါက်စနဲ့တော့ကွာ....ငွင်း....ငွင်း....

"ကဲကဲ မျက်စောင်းကြီးပဲထိုးမနေနဲ့
ခါးကိုလည်း သေချာ ဖက်ထားအုံး တော်ကြာ လိမ့်ကျနေမှဖြင့်"

"သိပါတယ် မရှည်ပါနဲ့ ကို့ဘာသာ မောင်းစရာရှိတာသာမောင်း....ဟွန့် နေရာတကာကိုပါတယ်"

"အေးပါကွာ....အေးပါ  ဒါဆိုလည်းကိုမောင်းပြီနော် သည်းလေး...အဟက်
ပြီးမှ ကိုယ့်အဆိုးမဆိုနဲ့ "

"မောင်း...."

"ဝူး...."

"အမလေး....ဗုဒ္ဓေါ "

မပြောမဆိုပဲနှင့်ပင် ဆိုင်ကယ် leverကို အတင်းနင်းကန်ဆွဲလိုက်သော ဦးဆိုသည့် ထိုလူသားကြီးကြောင့် အဆိုးခဗျာ ပြုတ်ကျမလိုလိုပင်ဖြစ်သွားရ
လေ​တော့သည်။

ဒါကြောင့်မို့လည်း မိမိအရှေ့တွင် ရှိနေသော သူ့ရဲ့ခါးကိုသာ အတင်းလှမ်းကာဆွဲလိုက်ရလေတော့သည်။

❣❣အို...ဦးနော်❣❣Where stories live. Discover now