Ep-2

15.5K 731 22
                                    

❣❣အို...ဦးနော်❣❣

Ep-2

Unicode

"ဟွန့်...အခုလောက်ဆိုရင် အိိမ်ကညီအမနှစ်ယောက်​တော့ တစ်ပွဲတစ်လမ်းအကဲအစမ်းတယ်ပဲပြောရမလား၊ အသည်းကောင်းလို့ပွဲတောင်းတယ်ပဲပြောရမလား အနည်းဆုံးတော့နပန်းချနေလောက်ပြီ....မှတ်ကရောဟ... အဟိ"

အဆိုးတဲ့တစ်ဆိုးထဲရှိတယ် ဘာမှတ်နေလဲ  အပိုရှိရင်ရိုက်ခွဲ​ပီးအုန်းနို့ခေါက်ဆွဲချက်သောက်ပြိုက်မယ် ...ငှဲ...ငှဲ...

ဒါနဲ့သားသားနာမည်ကိုမိတ်ဆက်မပေးရသေးဘူးနော်သားသားနာမည်က ကမ္ဘာလွှမ်း တဲ့

ကမ္ဘာလွှမ်းလား ၊ ကမ္ဘာမလွှမ်းလားတော့မသိဘူး အခုလောလောဆယ်တော့
(၁၂)ရက်ကွက် ကြီးတစ်ခုလုံးကို အပိုင်စားရထားလို့နေပြီလေ ....အဟိ....

မေမေကတော့ သူ့သားလေးကို ထွန်းပေါက်အောင်ဆိုပြီး ကမ္ဘာလွှမ်း လို့ပေးခဲ့တာတဲ့ ၊ ဒါကြောင့် လည်း သားသား ထွန်းပေါက် အောင်​ကြိုးစားခဲ့ပါတယ် ဆိုးတဲ့နေရာမှာ.ပေါ့.😁😁😁.. အဟိ

အခုဆိုရင် တစ်ရပ်ကွက်လုံးက သားသားကို ချစ်စနိုးနဲ့ အဆိုးလေးလို့တောင် နာမည်ကင်ပွန်း တတ်ပေးထားကြပြီလေ...ဘယ်လောက်တောင် နာမည်ကြီးလိုက်လဲဆိုတာကို စဥ်းစားကြည့်ပေါ့....မေမေရေ သားသားက တော့ မေမေ့မွေးကျေးဇူးတွေကျေအောင်ဆပ်ခဲ့ပြီနော် အဟိ.....

သားသားဘယ်လောက်ထိဆိုးသလဲ ဆိုတာကိုပြောပြအုံးမယ်၊ သားသား ဘယ်လောက်ထိတောင် ဆိုးသလဲဆိုရင်တော့ အိမ်ဘေးနားက မလှစိန်ရဲ့ မွေးကင်းစကလေးကိုတောင် အသည်းသားလွန်းလို့ ဝင်ကိုက်တဲ့အထိပဲ

ဒါနဲ့သားသားတစ်ခုပြောရအုံးမယ် အရင်တုန်းက ဒီရက်ကွက်ထဲမှာဒေါ်လှရှင်ဆိုတဲ့ ကျတော့အဖွားလာရင် တစ်ရပ်ကွက်လုံးက မီးညိမ်းကျတယ်တဲ့...
ဘာလို့လဲဆိုတာ​တော့ သားသားမသိပေမဲ့ သေချာတာတစ်ခုကတော့  တို့အဖွားက သားသား ခြေရာကို
မြေဝယ် မကျနင်းနိုင်တာပဲ... အယ်.. မဟုတ်ပါဘူး... ယောင်လို့... အဟိ...သားသားနဲ့တူတာပဲလို့....

ဒါပေမဲ့လည်း ဖွားဖွားက သားသားလောက်မဆိုးခဲ့ဘူးထင်ပါတယ် ဘာလို့လဲဆိုတော့ သူလာရင်မီးငြိမ်းရုံပဲ ငြိမ်းတာလေ ၊ သားသားလာရင်တော့
တစ်ရက်ကွက်လုံး မိးငြိမ်းရုံတင်မကပဲ တံခါးတွေပါပိတ်တဲ့အထိပဲ....စွရမ်းတွေ နာမည်ကြီးချက်...

❣❣အို...ဦးနော်❣❣Where stories live. Discover now