Unicode
"မင်း ဒီကို ဘာလာလုပ်တာလဲကလေးမ ဒီနေရာက မင်းလာမဲ့နေရာမဟုတ်ဘူးနော်"
ကားပေါ်မှဆင်းလို့ အိမ်ထဲသို့ဝင်ကာရှိသေး လှိုက်လှိုက်လှဲလှဲနှင့်ဆီးကာကြိုဆိုလိုက်သော အသံတစ်ခုကြောင့် သူမနှုတ်ခမ်းတို့အနည်းငယ်တော့ ပြုံးသွားရလေသည်။
ဒီလိုပဲဖြစ်ရမယ်လေ...ကျမလာခဲ့တယ်ဆိုတာကလည်း ဒီစကားလုံးတွေကြားချင်လို့မဟုတ်ပါလား....တစ်နည်းအားဖြင့် ဒီပွဲမှာ ရှုံးတော့မဲ့ သူတို့အတွက် ဒီစကားလုံးက အကောင်းဆုံးလက်နက်တို့ပေ...
"အိုး....ကြမ်းလှချည်လား အန်တီရဲ့ စိတ်လေးလည်လျော့ပါအုံး ကိုယ့်အိမ်ကို တကူးတက လာလည်တဲ့ ဧည့်သည်ကို ဒီလိုပဲဆက်ဆံရလား...."
" ဘာလဲ မောင့်ကို အန်တီ့သားကမရလိုက်ဘဲနဲ့ ကျမကပဲပြန်ရသွားလို့လားအန်တီ"
ဒေါသတရားများ ထွက်ပေါ်သည်အထိ မဟားတရားစောင်းချိတ်ကာ ပြောဆိုလာသော ထိုကလေးမ စကားတို့က သိပ်ကို ခံပြင်းစရာကောင်းလှသည်မို့ ကုလားထိုင်ပေါ်တွင် ထိုင်နေသော သူမ အလိုလို မတ်တပ်ရပ် မိသွားလေသည်။
"မင်းနဲ့မဆိုင်တာတွေ မပြောချင်စမ်းပါနဲ့ ကလေးမ ၊ မင်း အခု ဒီကိုလာတာ ဘာကိစ္စလဲဆိုတာသာ မြန်မြန်ပြော"
"ကောင်းပါပြီ ရှင် ဒါနဲ့ ဒီထိုင်ခုံမှာ ကျမထိုင်လို့တော့ရတယ်မလား အန်တီ"
ပေါင်လည်အထက် ဝဲပျံကာကျနေသောဆံနွယ်စတို့အား လက်ကလေးနှစ်ဖက်ဖြင့် အသာဆွဲဖွရင်း
ပါးချိုင့်လေးနှစ်ဖက်ထွက်ပေါ်သည်အထိ ခပ်ဟဟလေးပြုံးပြနေသော ထိုကလေးမက သူ့ရှေ့တွင်ရှိနေသော ထိုင်ခုံတွင်ထိုင်ရန်အတွက် သူမအား ခွင့်တောင်းလို့လာလေသည်။အိမ်ထဲသို့ စဝင်ကတည်းက တစ်ချက်မှပင်မမဲ့သွားဘဲ ပြုံးမြဲသာ ပြုံးနေသော ထိုကလေးမက ဒီအိမ်ကို ကောင်းသောလာခြင်းမျိုးနဲ့ လာခဲ့မှန်းမဟုတ်သည်ကို သူမသိသော်လည်း ထိုင်ရန်ကိုအတွက်တော့ စိတ်မပါလက်မပါဖြင့်သာ ဒေါ်အမရာတစ်ယောက် ခွင့်ပြုရပေအုံးမည်။
"ထိုင်ပါ ကလေးမ... တို့ကအဲ့လောက်ထိတော့ မရိုင်းသေးပါဘူး "

أنت تقرأ
❣❣အို...ဦးနော်❣❣
رعبမင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့ အချစ်တွေဟာ ဦးနောက်ကို အမြဲတစေလိုက်နေမှာပါ ဦးရယ် 💗💗ကမ္ဘာလွှမ်း💗💗