part-43

3.9K 178 6
                                    

Unicode

"သား...သားလေး....မေမေ့သားလေး......မေ​မေ့ဆီကိုပြန်လာပါတော့ သားလေးရယ်...မေမေလေ.... မေမေ ရင်မောနေရပြီသားရဲ့...ပြန်လာခဲ့ပါ မေမေ့ဆီကို ပြန်လာခဲ့ပါ သားရယ်....သား...."

ရင်နင့်စဖွယ် ခပ်အက်အက်အသံ​လေးနှင့်အတူ သူ့နာမည်အား ပဲ့တင်ထပ်သည်အထိ တမ်းတမ်းတတခေါ်နေသော အမျိုးသမီးတစ်ဦးကြောင့် အမှောင်ထုကြား၌ လမ်းပျောက်နေရှာသော ကျွန်တော်   ထိုအသံလာရာ အလင်းတန်းဆီသို့သာ နောက်ပြန်ခေါက်၍ လျောက်လှမ်းလာခဲ့လိုက်သည်။

"သား....သား...သား..."

မကြာခဏဆိုသလို သူမဆီမှ   ကြားနေရသော သားဆိုသည့်အသံအသဲ့သဲ့တို့က ဘယ်အရပ်ဆီမှ ပေါ်ထွက်နေသည်ကိုတော့ ယခုအချိန်ထိ   သူကိုယ်တိုင်တောင် မသိရ​သေးပေမဲ့လည်း သူသိနေတာကတစ်ခုကတော့ ထိုအသံက သူ့အတွက် သိပ်ကို နွေးထွေးလွန်းလှ​သည်ဆိုတာကိုပင်။

ထိုအခိုက် ဟန်ချက်မညီနိုင်အောင် မောဟိုက်တုန်ရီလာသော ရင်ခုန်သံသဲ့သဲ့တို့က အမှောင်ထုများကြားမှ သူ့အမြင်တို့အား သားဆိုသည့်  ထိုအသံလေးနှင့်အတူ တစ်စတစ်စ ဝေဝါးစပြု လာခဲ့လေသည်။

"ဟူး...."

နှာခေါင်းထဲသို့ တစ်ချက်တစ်ချက် တိုးဝင်လာသော ဆေးနံ့ပြင်းပြင်းတို့ကြောင့် ယခုသူရောက်ရှိနေသော ထိုနေရာသည် သူမပျော်မွေ့သည် ဦးရှိရာ ကမ္ဘာဆိုတာကို သူသိလိုက်ရ​လေသည်။

မနေချင်လို့ ဝေးကွာအောင် ပြေးခွာခဲ့သော်လည်း မဆုံးသေးသော ကံကြမ္မာ​တို့​က ကျွန်​တော့အား သူရှိရာ နေကာဆီသို့ ရက်စက်စွာ ပြန်ဆွဲခေါ်လာခဲ့ပြန်လေသည်။

ဒါ့ကြောင့်မို့လည်း ယုံမှားသံသယတို့ဖြင့် နိုးတစ်ဝက်ဖြစ်နေရှာသော ဒီအိပ်မက်ရှည်တို့မှ နိုးထစေရန်အတွက် မည်သို့မည်ပုံ မှပင် ဖွင့်မရနိုင်အောင် လေးပင်နေရှာသည့် မျက်ခွံမိုမို့တို့အား အားယူ၍သာ ဖြည်းဖြည်းချင်းသူဖွင့်ဟလိုက်လေသည်။

"သား...သားလေး သတိရလာပြီလား မေမေလေ မေမေ ၊ မေမေ့ကို သိတယ်မလားဟင် သားလေး"

အမှောင်ထုများကြားမှ တစ်စတစ်စ ကျယ်ပြန့်လာသော အလင်းရောင်တို့ကြားတွင်ကား ဆံနွယ်ရှည်များကို ဘီးတစ်ပတ်သျှိုထားသည့် အမျိုးသမီးတစ်ဦးက သူ့ခေါင်းထက်တွင် လည်နေသော ပန်ကာလေ အေးအေးနှင့်အတူ သူ့အား ကြင်နာစွာပြုံးပြလေရဲ့။

❣❣အို...ဦးနော်❣❣Where stories live. Discover now