part-28

5K 199 3
                                    


Unicode

"ကဲ ဆိုစမ်းပါအုံး  အဆိုးဆိုတဲ့ ကိုယ်တော်ချောလေး ရေ....ဒါက ဘယ်လိုတွေဖြစ်သွားတာတုန်း"

"ဘာ...ဘာကိုလည်း မေမေရဲ့"

အခုလေးတင် သူ့ခါးထဲက ဘောင်းဘီကို ငုံ့ကြည့်ကာ အခုချက်ချင်းဆိုသလို မသိချင်ယောင်သွားသော ဘေးထိုင်ဘုပြော လူ့ငနောလေးအား ဒေါ်အမရာတစ်ယောက် အသည်းယားသွားရလေတော့သည်။

ဟွန့်....သား​လေးရယ် ဒီလိုမျိုး မေမေ့ကို မသိချင် ယောင်ဆောင်လို့ တော့ ဘယ်ရပါ့မလဲ....ငှဲ...ငှဲ....ငှဲ...မင်းကို ကိုးလလွယ် ဆယ်လဖွားခဲ့တဲ့ အမေပါ သားရဲ့ မင်းလောက်မှမပါးရင် အမေ အပျိုမလုပ်တော့ပါဘူး...အဲ... ဟုတ်ပါဘူး....လူမလုပ်တော့ပါဘူးလို့....လာလေရော့ဟဲ့ ရှောင်လင် ဂွနှိုက်အကွက် ရှောင်နိုင်ရင်တော့ ရှောင်ပေအုံးပေါ့သားရယ်....ငှဲ...ငှဲ...ငှဲ

မိမိစကားအား စပ်ဖြဲ​ဖြဲလုပ်ရင်း မိိမိကိုယ်သာ  ဝါးစားတော့ မလို တစိုက်မတ်မတ်  ကြည့်နေသော မေမေကြောင့် အဆိုးခဗျာ ကြက်သီးများပင် တဖြန်းဖြန်းထသွားရလေ​တော့သည်။

"မေမေ... လူကိုကြည့်ပြီး  ဘာလို့ အဲ့လောက်ထိတောင်ပြုံးနေတာလဲ.... ဘာလဲ သားက ရီစရာကြီးမို့လို့လား"

"အဟက်... ကြည့်စမ်းပါအုံး    မေမေ့ကလေး ပေါက်စလေးကတော့လေလုပ်ပြီ ငါ့သားလေးက  ရီစရာမှမဟုတ်တာ ဒါမဲ့ ရီစရာကတော့ ငါ့သား​​လေးကိုယ်မှာ ရှိကိုရှိနေပြီသားရဲ့"

"ဗုဒ္ဓေါ မဟုတ်မှလွဲရော မေမေ ပြောနေတာက"

မိမိပြောလိုက်ကာမှ သူ့ခါးပေါ်တွင် လျှောကျတော့မလိုလို ဖြစ်နေသော ေမာင်စေတန့် ေဘာင်းဘီပြောင်းပြန်ကြီးကို အတင်း ငုံ့ကြည့်ရင်း အပေါ်သို့ အသည်းအသန်ဆွဲတင်နေရှာသော မိမိအသည်းကျော် မောင်ရှက်သည်းပိုလေးကြောင့် ဒေါ်အမရာ့ခဗျာ အတော်လေးကိုသဘောခွေ့သွားရလေတော့သည်။

"ကဲ ပြောပါအုံး အဲ့ဒီဘောင်းဘီ ကိစ္စလေး"

"ဟမ်...ဘာ...ဘာကို ပြောရမှာတုန်း မေမေရဲ့"

"ရော်....ဒါကအခုချိန်ထိ ဝန်မခံသေးဘူးဆိုတဲ့သဘောပေါ့ အေးပေါ့လေ အဲ့တာဆို​တော့လည်း မေမေက အားမနာပဲမေးရတော့မှာပေါ့ အဆိုးရယ်...ငှဲ...ငှဲ....ငှဲ"

❣❣အို...ဦးနော်❣❣Donde viven las historias. Descúbrelo ahora