final-part

11.9K 278 8
                                    

Unicode

ပြောပြောဆိုဆိုနှင့်ပင် သူ့ရှေ့မှထွက်သွားသော ငသူ့အား စေတန်တစ်ယောက် ခေါင်းလည်းမညိတ်ပြလိုက်မိသလို သတိလည်းမရတော့ပါချေ။

ယခုအချိန်သူ့စိတ်ထဲရှိနေသည်က ခွဲခန်းထဲမှ သည်းငယ်နဲ့သား...

ဘေးနားသို့ တချက်ကြည့်လိုက်တော့လည်း မေမေအပါအဝင် အားလုံးရဲ့မျက်နှာက ပြုံးလို့ရွှင်လို့...

"မေ​မေ ...မေ​မေ ကြားလိုက်လားသား...သားလေးတဲ့မေမေရ...အား....သားလူဖြစ်ပြီမေမေ သားလူဖြစ်ပြီဗျ..."

အပျော်ရမ္မက်တို့ဖြင့် ပြုံးပျော်ကာပီတိဖြာနေသော သားလေးက သူ့ကိုယ်လေးအား သိုင်းဖက်ကာ ပြောလာသည်မို့ သူမရင်ထဲတွင်လည်း ထိုကလေးနည်းတူ ပီတိလှိုင်းလေးတစ်ချို့ထသွားရလေတော့သည်။

"အေးပါသားရယ် အေးပါ မေမေလည်းကြားပါတယ်...အဟက်"

"မငယ်..."

"ဝေ"

"ကျတော်သားလေးရပြီမငယ်ရ ကျတော့ဆီမှာ သားလေးရှိနေပြီ..."

"ဟုတ်ပါပြီတော် ဟုတ်ပါပြီ"

"မေမေရာ..."

"အေးပြောလေ သားလေး"

"မေမေ့သား ကလေးလေးမွေးလိုက်ပြီတဲ့မေမေရ မေမေ မပျော်ဘူးလားဟင် ကျတော်ကတော့ တအားပျော်တာပဲဗျာ"

"အမလေး ဘယ့်နှယ့် ပြောလိုက်ပါဘိ ပျော်တာပေါ့ သားရယ် ပျော်တာပေါ့ကွ.. "

ခွဲခန်းထဲမှ ဆရာဝန်လေးက
သားယောကျာ်းလေး ရသည်ဟု ပြောပြီးကတည်းက ခွဲခန်းရှေ့တွင်
ခုန်ပေါက်နေရှာသော သားလေးကတော့ အတော်လေးကိုပျော်ရွှင်လို့နေလေသည်။

ထိုအပျော်တို့အားကြည့်ရင်း ဘေးနားမှပီတိဖြာမိသူများကလည်း စေတန့်နည်းတူ မျက်နှာထက်၌ အပြုံးပန်းများပွင့်လန်းလျက်။

ထိုသူများကတော့ ဒေါ်နှင်းဆီ၊ ဒေါ်အမရာနှင့် မငယ်တို့ပင်တည်း။

"ကဲကဲ အပျော်တွေမလွန်နဲ့အုံး သားရေ အထဲက လူနာကိုလည်း မေမေတို့ဝင်ကြည့်ရအောင် ဟုတ်ပြီလား"

"ဟုတ်ကဲ့မေမေ"

"လာလာ ရာ ကိုယ်တို့အထဲဝင်ရအောင်"

❣❣အို...ဦးနော်❣❣Where stories live. Discover now