part-44

3.9K 169 6
                                    

Unicode

သူ့သီချင်းသံပင် မဆုံးသေး သူ့ရင် ခွင်ထဲသို့ ခေါင်းခွေ့ ဝင်လာသော သည်းငယ်အား သူကြည့်လိုက်လေတော့  တရှူးရှူးတရှဲရှဲနှင့် ခုနကသူမဟုတ်သည့်အတိုင်း အိပ်မောပါကျနေလေရဲ့။

ဒါ့​ကြောင့်မို့လည်း ဒီအကောင်ပေါက်လေးအား ဘေးနားတွင်ရှိနေသော ခေါင်းအုံးပေါ်သို့လက်ပြောင်းကာချ​ပေးရင်း
ကြည့်မဝသော သူ့မျက်နှာ လှလှလေးကိုသာ မျက်တောင်မခတ်နိုင်သည်အထိ သူစိုက်ကြည့်နေမိသည်။

မိုးမောက်ကာ ဖုအစ်နေသော မျက်ခွံမို့မို့နှင့် ဝိုင်းစက်ကာ တွဲကျနေသော ပါးပြင်မို့မို့တို့က ထိုကလေးငယ်အား စွဲမက်ဖွယ် အရုပ်လေးအဖြစ် ပြောင်းလဲပေးနေသလိုပင်။

ဒါတင်မက တစ်ချက်တချက် အသက်ရှူလိုက်တိုင်း လှုပ်ခါသွားတတ်သော ဒီနှုတ်ခမ်းပါးလေးကလည်း ပုဝါမကူရေမရှူထားသည့်တိုင်အောင် အနီရောင်သန်းကာဖြင့် လှချင်တိုင်းလှလို့နေလေသည်။

အမှန်ပြောရလျှင်ဖြင့် ဒီ​ပေါက်စီငယ်အား ငုံထားမတတ်သူချစ်မိပါသည်၊ သို့​​သော်လည်း မဆုံဆည်းနိုင်သော ကံကြမ္မာက သူတို့နှစ်ဦးကြားမှာ ချောင်းခြားထားပြီးသားမလို့ ဒီကလေးငယ်အား သူခွဲခွာသွားရတော့မည်ပေ။

ထိုအချိန် သူ့နားထဲကြားယောင်မိသည်က မ ဟုသူခေါ်သော ဟို မိန်းမ၏ စကားသံများ။

"အဟက်....အခုအချိန်မှာ မောင့်အတွက်ရွေးချယ်စရာ နှစ်ခုပဲရှိတော့တယ်"

" အဲ့တာက  သူ့ကိုစွန့်လွှတ်ပြီးမကိုလက်ထပ်မလား ဒါမှမဟုတ် မကို ချောက်ချခဲ့တဲ့သူ့ကို ဂျေထဲအောင်းခိုင်းမလားဆိုတာပဲ"

"စဥ်းစားပါမောင် သေချာစဥ်းစားပါ.....ဒီနေ့ နေ့လည်ပိုင်းအထိတော့ မောင့်မှာ စဥ်းစားချိန်ရှိပါသေးတယ် ..."

"အော် ဒါနဲ့ မောင့်ဆုံးဖြတ်ချက်က မောင့်အသည်းကျော်လေးရဲ့ ဘဝတစ်ခုလုံးကို ဒုက္ခလှလှရောက်စေနိုင်တယ်ဆိုတာကိုတော့ မောင်မမေ့ပါနဲ့နော်...."

"ကဲ မ သွားပြီမောင်....ဟား....ဟား...."

နားထဲသို့ ပဲ့တင်ထပ်သံပမာ ထပ်ခါထပ်ခါ ကြားနေရသော ထိုမိန်းမအသံတို့က ပျောက်ကွယ်လုနီးပါး သူ့ ဒေါသအရှိန်တို့အား အဆုံးအစွန်ထိ  မြင့်တက်စေလွန်းလှပါသည်။

❣❣အို...ဦးနော်❣❣Where stories live. Discover now