part-38

3.8K 165 42
                                    

Unicode

မောင့်ကျောပြင်ကျယ်ကြီးကို ကျေနပ်စွာ  ထွေးပိုက်ထားရသဖြင့်  မိမိတို့နှစ်ယောက်အား ခရေပင်အရိပ်လေးဆီမှ ငေး ကြည့်ရင်း အငိုတစ်ပိုင်းနှင့်ပြေးထွက်သွားသော ကလေးတစ်ယောက်ကို သူမ မြင်လိုက်မိပါ​သည်။

သို့​ပေမဲ့လည်း မောင့်ကိုတော့ အသိမပေးခဲ့ပါချေ။

ဘာအတွက်ကြောင့်လည်းဆိုတော့ ထိုကလေးက သူမသိပ်ကိုချစ်ရပါသော မောင့်ဆိုသည့် လူသားအား  သူမဘဝထဲက​နေအ​ပြီးအပိုင်လုယူသွားသည့် ကလေးဖြစ်နေသည့်အတွက်ကြောင့်ပင်။

မျက်ရည်လည်ရွဲနှင့် ဝမ်းနည်းပူ​ ဆွေးစွာ  တရှိုက်မက်မက်ငိုကြွေးသွားသော ထိုကလေးငယ်အား သူမသနားချင်ပါသော်လည်း ၊ မောင့်ကိုလုယူသွားသည့်လူက သူပါလားဆိုသည့်အသိက ထိုကလေးအား အဆုံးအစွန်ထိ မုန်းတီးနေမိလေသည်။

ကျမကသိပ်ကို အတ္တကြီးတယ်မောင်.....ကျမ မရနိုင်တဲ့အရာတစ်ခုကို အခြားလူတစ်ယောက်က လွယ်လွယ်နဲ့ဘယ်တော့မှမရစေရဘူး....အကယ်လို့ရခဲ့ရင်တောင် သူ့ဘဝက သိပ်လှပမှာမဟုတ်ဘူး....

အချိန်တွေတ​ရွေ့​ရွေ့​ ပြောင်းလဲ လာသည်နှင့်အမျှ မိမိအားသိုင်းဖက်ထားသော မောင့်လက်တို့သည်လည်း အနည်းငယ်တော့ ပြေလျော့ချင်လာလေသည်။

ဟင့်အင်း...မောင် မောင့်လက်တွေကို ကျမကျောပေါ်ကနေ ခွာမချလိုက်ပါနဲ့မောင်ရယ်...please

သို့ပေမဲ့လည်း  သူမဆုတောင်းတို့မ​ပြည့်ခဲ့ပါချေ၊ မောင်ဆိုသည့်မောင်က သူ့လက်တို့အား ကျမကျောပေါ်မှ  တစ်စတစ်စ ခွာချလို့လာလေသည်။

"ခဏလေးပါ မောင်ရယ် ခဏလေးပါပဲ..မောင်ချစ်ဖူးတဲ့ အချစ်ရူးမကြီးအဖြစ်နောက်ဆုံးအနေနဲ့ မောင့်ကို ခဏလေးဖြစ်ဖြစ်တော့ မ ပိုင်ဆိုင်ပါရစေမောင်ရယ်..."

ခွာချလာသော မိမိလက်တို့အား ရုပ်သိမ်းခိုင်းနေသော သူမအား စေတန်တစ်ချက်ကြည့်လိုက်တော့ သူမ မျက်ဝန်းများထက်တွင် ငွေရောင်ခြည် မျက်ရည်ဥက​လေးများက အရောင်ရွှန်းကာ ပြည့်နှက်နေလေရဲ့....သူမငိုနေတာများလား

❣❣အို...ဦးနော်❣❣Where stories live. Discover now