part-7

8.3K 411 0
                                    

Unicode

အနောက်ဆီမှ လှမ်းဆွဲလိုက်သော လက်တစ်စုံကြောင့် အိမ်အောက်ထပ်ဆီသို့ ဆင်းသက်ရန်ပြင်နေသော အဆိုးလေး၏ ခြေလှမ်းလှလှတို့သည် တစ်ခဏဆိုသော အချိန်လေးအတွင်းမှာ ပင် ရပ်ဆိုင်းသွားခဲ့ရသလို အဆိုးကိုယ်လေးဟာ လည်း တစ်စုံတစ်ဦး၏ ရင်ခွင်ကျယ်ကြီးထက်သို့  ဆိုက်ဆိုက်မြိုက်မြိုက်ကျ​ရောက်သွားခဲ့ရလေသည်။

အထွက်တစ်ခါ အဝင်တစ်လှည့် ရှူရှိုက်နေသော
အသက်ရှုသံပြင်းပြင်းတို့သည် နီရဲကာငုံထွေးနေသော ပါးပြင်မို့မို့လေးထက်သို့ နှစ်ခြိုက်စွာ ကျီစယ်နေသည့်အလားပင်။

ကြောက်စိတ်တို့ကြောင့် မှိတ်ထားရရှာသော မျက်ဝန်းလှလှတို့သည်လည်း တဒုတ်ဒုတ်နှင့်
ခုန်နေရှာသော နှလုံးသားလေးနှင့်အတူ အသစ်တစ်ဖန်နိုးထလာခဲ့ရလေသည်။

သိပ်ဆိုးတယ် လူကြီးရယ်....


"အို....ခင်..ခင်ဗျားဘာလုပ်တာလဲ "

"ဆွဲလိုက်တာလေ...မမြင်ဘူးလား"

"တောက်..."

ရှေ့တည့်တည်းဆီမှ မိမိအား ပညာပြန်ပြနေသော
အနှီလူသားကြီးအား ကြည့်မရလေတော့လေသည်မို့ ထုံးစံအတိုင်း မျက်စောင်းလှလှလေးတစ်ခုကိုသာ
တစ်ခနလေးအတွင်း၌ ပြစ်လွှတ်ပေးလိုက်လေတော့သည်။

"လူကိုဆွဲချင်တိုင်းဆွဲရအောင် ကျတော်က ခင်ဗျားအရုပ်မဟုတ်ဘူးဗျ...ဟွန့်..."

"အဟက်...မင်းသာ ငါ့အရုပ်ဆိုလို့ကတော့....ရှလွတ်..."

"ခင်...ခင်ဗျားနော်"

မိမိရဲ့ အတွင်းတစ်နေရာကိုကြည့်ရင်း နှုတ်ခမ်းတပြင်ပြင်လုပ်နေသော အနှီလူသားကြီးကြောင့် အဆိုးမျက်နှာတစ်ခုလုံးရဲပလောင်းခတ်သွားခဲ့ရသလို ပျော့ပျောင်း သွယ်လျလွန်းလှသော လက်လှလှလေးတို့သည်လည်း ထိုနေရာလေးထက်၌ အချိန်မှီ အုပ်ဆိုင်းထားလိုက်လေသည်။

ငွင်း...နှာပူးကြီး

မိမိရှေ့တွင် ရှက်သွေးပိုနေသော ထိုကလေးလေးက ရန်ကုန်တွင် အလု​ပ်တ ဖက်နှင့် ကျန်နေခဲ့ရှာသော မိမိသက်ထား မမမှီထက်ပင် ပို၍ချစ်စရာကောင်းနေလေသည်။

❣❣အို...ဦးနော်❣❣Where stories live. Discover now