Ep-3

11.3K 524 27
                                    

Unicode

❣❣အို...ဦးနော်❣❣

Ep-3

"ဟူး....မောလိုက်တာ...တော်သေးတာပေါ့ ဟိုနှစ်ယောက် ငါ့နောက်ကိုဆက်မလိုက်လာလို့..နို့မို့ဆိုရင် ငါလေး ခေါင်းကွဲမလား နဖူးပြဲမလားပဲ...ကတိန်...ကတိန်"

အပိုပြောတဲ့ ညိုချောဆိုပြီး ခရမ်းမြို့နယ်တစ်ခွင်ပြဲပြဲစင်အောင် သတင်းကြီးလှတဲ့ အဆိုးလေးဆိုသော ကျတော့ကို အတင်းလိုက်နေသော
ရွာစော်မိကဲ နှစ်ယောက်ကြောင့် အဆိုးခဗျာ
အဟွာပါပြဲလို့နေရလေသည်၊ ဟောဟဲ...ဟောဟဲ

(😁😁ပါးစပ်ကိုပြောတာနော် ပါးစပ်😁😁)

"ဟွန့်...အဆိုးကို ဘယ်စမ်းလို့ရမလဲ
အဆိုးတဲ့တဆိုးထဲရှိတယ်...အပိုရှိလို့ကတော့...နေစမ်းပါအုံး...ရွှတ်...ရွှတ်....မွှေးလတ်ထှာ...ဒါကဘာအနံ့လေးပါလိမ့်..ရော..မုန့်ဟင်းခါးအနံ့လေးပဲ အမလေး​လေး စားလိုက်ရရင်တော့ ကတောက်...."

တစ်နေကုန် ပြေးလိုက်လွှားလိုက်နှင့် အလုပ်ရှုပ်နေသော အဆိုးတစ်ယောက် ရုတ်တရက်ဆိုသလို နှာခေါင်းထဲသို့ သရဲတစ်ကောင်ပမာ အတင်းတိုးဝင်လာသောမွှေးပျံ့ပျံ့မုန်းဟင်းခါးရနံ့​ လေးကြောင့် မိမိကိုယ်ကို
ချီးမွန်းခန်းဖွင့်နေသော စကားများကိုပင်ဆက်မပြောနိုင်တော့ချေ။

အောက်ဆီမှတဂွီဂွီမြည်နေသော ဗိုက်ကလေးကလည်း
ခပ်သင်းသင်းရနံ့လေးကြောင့်ပြားချပ်လို့နေလေသည်။

"လာဘ်ကောင်ပဲဝေ့... အဆိုးတို့ကတော့ ဗိုက်ခွေးနမ်းရချည်သေးရဲ့ မှန်းစမ်း ဒါဘယ်သူ့အိမ်ကဖြစ်လောက်မလဲ...ရွှတ်...ရွှတ်...ဒီအနံ့အတိုင်းဆို ရွာအနောက်ပိုင်းကတော့ သေချာသလောက်ရှိသွားပြီ.ကဲ စီးတော်ခြေထောက်ရေ အမြီးတော်မြှောက်ပြီးချီးတော်ပေါက်ကာ ကြွ...အဲ ဟုတ်ပါဘူး...လျှောက်"

လက်ထဲမှ အထုပ်ကလေးများကိုဆွဲကာ နှာခေါင်းလေးတရှုံ့ရှုံ့နဲ့ ရွာလယ်လမ်းတစ်လျှောက်အနံ့ခံသွားလိုက်ရာ များမကြာမီပင် ထိုအနံ့ရှိရာအိမ်လေးဆီသို့ အတားအဆီးမရှိ ချောမွေ့စွာ ရောက်သွားခဲ့လေသည်။

တယ်လည်းအနံ့ခံနိုင်တဲ့ငလူးလေး😁😁😁

"အော်....လက်စသတ်တော့ မိဘုတ်တို့အိမ်ကပါလား....နေစမ်းပါအုံးဒင်းတို့​တွေမုန့်လုပ်စားတယ်ဆိုရင်လည်း ငါလေးက သိရမှာ​ပေါ့...မဟုတ်မှလွဲရောငါ​လေးကို မကျွေးချင်လို့
တမင်ပုန်းစားနေကြတယ်လားမသိဘူး..တွေ့ကြသေးတာပေါ့ ငါ့ကိုမ​ကျွေးချင်တဲ့ဟာ​တွေအဆိုးအကြောင်းကောင်းကောင်းပြရသေးတာပေါ့...ငှဲ...ငှဲ...ငှဲ.အမယ်...အမယ် ကြည့်စမ်းပါအုံး
မိညိုမ မြိုစို့နေတာများ ကုလားဘုရားပွဲက
အမွှေးနီမကြီးနေတာပဲ လက်ထဲကဇွန်းကိုမချဘူး"

❣❣အို...ဦးနော်❣❣Where stories live. Discover now