part-20

7.1K 277 0
                                    

Unicode

မိမိတို့နှစ်ယောက် အခန်းထဲမှ ထွက်လာခဲ့သည်မှာ အချိန်တစ်ခုထိကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုအချိန်ထိ လူရိပ်လူယောင်မျှတောင် ပေါ်မလာသေးသော သားတော် မောင်နှစ်ယောက်ကြောင့် ဒေါ်အမရာ့ခဗျာ တောအုံကြွကာ ဒေါသပုန်တို့ ထလာရလေသည်။

အခြားတစ်ဖက်ကို လှည့်ကြည့်ပြန်တော့လဲ သစ်ကုလားအုတ်လည်ပင်းထက်ဝယ် သုံးတောင်ဗျိုင်းတက်နားထားသလား အောက်မေ့ရသည့် လည်ပင်းမျိုးနှင့်  သားတော်မောင်နှစ်ပါးအား မျှော်လင့်တစားနှင့် စောင့်စား နေရသော roseခဗျာ မျောက်မလေး မီးခဲထိုင်မိသလို ဖင်တကြွကြွနှင့်ရယ်။

"အဲဒါတာကြည့်တော့ roseရေ ကိုတွေမှာတော့ သူတို့ကိုစောင့်နေရတာ အရိုးတောင် ဆွေးတော့မယ် ၊ သူတို့က အခုချိန်ထိကို ပေါ်မလာနိုင်သေးဘူး"

"ဟုတ်ပ ရာရယ် ရာပြောလည်းပြောချင်စရာပဲ ဒီကောင်လေးတွေကလေ ဒီလိုနေရာမျိုးဆို တအားကို လေးလွန်းတာပဲကွယ်"

(မသိလို့မေးပါရစေ တီတီရယ် သူတို့က ဘယ်နေရာမှာများ တအားမြန်နေသလဲလို့...😁😁)

စိတ်မရှည်သည့် လေသံမျိုးနှင့် မိမိအားအဖော်ညှိလာသော ရာ့စကားများအား သံယောင်လိုက်ရင်းသာ ထိုကလေးများအား သူမ ဆက်၍ မျှော်နေမိပြန်သည်။

မျှော်သာမျှော်ပေါ်မလာသေးသော ကိုယ်တော်ချော နှစ်ပါးကြောင့် မိမိမှာ သားရှင်ဖြစ်​နေသော်လည်း တစ်ဖက်လူကို အားနာလှသည်မို့ ရှေ့မျက်နှာ အပေါက်ထားကာ....အဲ.. ...အနောက်ထားကာ လှမ်းခေါ်ရတော့ပေမည်။

"ကဲအခန်းထဲက ကိုယ်တော်ချောနှစ်ပါးရေ အခုထက်ထိ​တောင်ထွက်မလာသေးဘဲနဲ့ အခန်းထဲမှာ ဘာထိုင်လုပ်နေကြလဲဟေ"

"အို...မေမေကလည်း ကို့သားကို ကိုယ်ခေါ်တာ  ဘယ်လိုတွေခေါ်နေမှန်းကိုမသိဘူး"

"အော် သမီးရယ် မေမေလည်း ခါတိုင်းကလိုပဲ  အဆိုးလေးကိုခေါ်သလို အော်  ခေါ်လိုက်တာလေ ဘာတွေများဖြစ်နေလို့တုန်းကွဲ့"

"ခါတိုင်းကခါတိုင်းလေ မေမေရဲ့ အခု​ဟာက အိမ်မှာလည်းဧည့်သည်တွေနဲ့မှတ်လား ​ပြီး​တော့မေ​မေ​​ခေါ်လိုက်တဲ့စကားကြီးကဘည်း
ဟိုမလွတ်ဒီမလွတ်နဲ့ အို...."

❣❣အို...ဦးနော်❣❣Where stories live. Discover now