part-10

7.3K 387 4
                                    

Unicode

"ဝေါ...ဝေါ...ဝေါ...."

တည်ငြိမ်စပြုနေသော မိုးရေမိုးစက်တို့သည်လည်း ညင်သာမှုအပေါင်းနှင့် ဆော်သွေးကာ တိုက်ခတ်နေသော အနောက်တောင် လေအေးအေးကြောင့် တစ်ဖန်နိုးကြားအသက်ဝင်ကာ ဒုတိယအကြိမ် ယွန့်သွဲ့လို့  ရွာသွန်းလာခဲ့ရလေသည်။

"ဝေါ....ဝေါ...ဝေါ...."

တဝေါဝေါနှင့်ရွာသွန်းနေရှာသော မိုးစက်များကြားမှာတော့ အဆိုးဆိုသော ချစ်စဖွယ် အကောင်ပေါက်လေးတစ်ယောက် ဦးဟုသူခေါ်ဆိုရပါသော ချစ်ရသူ​ကြီး၏ ရင်ခွင်ရိပ်၌
လွန့်လူးကာ နိုးကြားလို့လာခဲ့လေသည်။

"အင်း..."

ညည်းသံ အရှည်ကြီးရဲ့နောက်မှာတော့
အသဲကြော် ပဲလှော်လေးက ဦးဆိုသောအနှီလူသားကြီးအား ကောက်တော်မူရန်နိုးလာခဲ့လေသည်။

"ဟာ....ဦး....ဦးလို့  ခြေထောက်ကိုဖယ်​ပေးအုံးကွာ...ဒီမှာ အိပ်လို့မရတော့ဘူး"

"ဟာ...ဦးလို့"

"အင်း...."

အင်း ဆိုသော အပျင်းသံကြီးနှင့်အတူ
မိမိအားအရင်ထက်ပင်တိုးဖက်လာသော အနှီလူသားကြီးကြောင့် အဆိုးခဗျာ နှလုံးခုန်နှုန်းတွေပါ ရပ်တန့်တော့မတတ်ဖြစ်သွားခဲ့ရလေသည်။

အို....ဘယ်နှယ့် ကိုက ဖယ်ခိုင်းတာကိုဒင်းကြီးက တိုးတောင်ဖတ်လိုက်သေးတယ်တဲ့လား...ဝွန်း.....အတော်ဆိုးတဲ့ ဦး😁😁😁

"ဦး...ဦး ကျတော့ ကိုလွှတ်ပေးပါအုံး
ကျတော် မနေတတ်တော့ဘူးဗျ"

"ကျွတ်...ငည်းငယ်ရာ မဆိုးစမ်းနဲ့ကွာ အိပ်တော့ ကိုလည်းအိပ်ချင်နေပြီ"

ငိ...စွကျိုးနည်း မသိရင်ကိုကပဲ အပိုလုပ်နေတာလို လို ဘာလိုလိုနဲ့
ဝွန့်း...အသားယူချင်ရင် အသားယူချင်တယ်ပေါ့...သဝါး လူဆိုး..😁😁😁

ပြောနေလည်းဘာမှ ထူးလာမှာမဟုတ်တော့သည်မို့ စိတ်လျော့ပြီးသာ အိပ်ပျော်ရန်
ကြိုးစားလိုက်ရတော့လေသည်။

စိတ်လျော့ စိတ်လျော့ အဆိုး
တော်ကြာ မင်းသင်ထားတဲ့ ဗန်တို စံညိုအကွက်တွေ ထုတ်သုံးမိရင် လက်ကလွန်ကုန်လိမ့်မယ်...ငှဲ...ငှဲ...ငှဲ😁😁

❣❣အို...ဦးနော်❣❣Where stories live. Discover now