part-19

6.4K 293 0
                                    


Unicode

"ဟောတော်ရေ ဒီကလေးနဲ့တော့ အိပ်တာတောင်  အခန်းတံခါးကိုမပိတ်ထားဘူး တကယ်တည်း အရမ်းကို နမော်နမဲ့နိုင်လွန်းတယ်ကွယ်..."

"အဆိုးရေ မမဝင်လာခဲ့....အို..."

"အမလေး...."

အခန်းထဲသို့ဝင်လျှင်ဝင်ချင်းဆီးလို့ကြိုလိုက်သော မြင်းကွင်းတစ်ခုကြောင့် မငယ်ခဗျာ ကိုယ့်မျက်စိပင် ကိုယ်မယုံနိုင်အောင်ဖြစ်သွားရ လေသည်။

ထိုမြင်ကွင်းကတော့ အခြားမဟုတ် ၊  အိစက်ညက်ညောလှစွာသော ဖဲမွေ့ညာထက်၌ ချစ်တင်းနှောကာ အဝတ်စက်လက်နှင့် အိပ်ပျော်နေကြရှာသော အဆိုးလေးနှင့် ကိုစေတန်တို့၏ ပူးကပ်​နေသော ခန္ဓာကိုယ် နှစ်ခုပင်။

"အို....ဒါ...ဒါက....အို....."

မျက်စိရှေ့တွင်မြင်နေရသော ထိုမြင်ကွင်းအား မငယ်တစ်ယောက် မကြည့်ရဲတော့သည်မို့ အခန်းထဲမှ  အလျင်အမြန်ပင်ပြေးထွက်လာခဲ့လေသည်။

"အမလေး....သူတို့တွေက....အို.....ဘာတွေပါလိမ့်....ဘုရားဘုရား "

အိမ်အပေါ်ထပ်ဆီမှတစ်ဆင့် ကြောင်လှိမ်လှေခါးအတိုင်း ပြေးဆင်းလာခဲ့ရာ ယခုဆိုရင် မေမေရှိရာ မီးဖိုခန်းထဲထိပင်ရောက်ရှိနေလေသည်။

သို့ပေသို့ငြားသော်လည်း ရင်ထဲမှ နှလုံးခုန်နှုန်းတွေကတော့  သာလှနှမ မယ်ဂွ ကောက်စိုက်သလို ယခုအချိန်ထိ  ဗိုးသိုးဗက်သက်နှင့်ရယ်။

အခန်းထဲသို့ ကပြာကသီ ပြေးဝင်လာရင်း မီးဖိုရှေ့ဆောင့်ကြောင့်ထိုင်ချကာ တအိုအိုနှင့် ဘေးအိမ်က မိလုံးအားခေါ်သလို စမြုပ်ပြန်နေသော ဒီကလေးမကြောင့် ဒေါ်အမရာခဗျာ ကြောင်အအလေးဖြစ်နေရလေသည်။

"ဟဲ့ မိငယ်...ဟဲ့"

"ရှင်...ရှင် မေမေ"

"​ရော ဒီကလေးမနှယ့် အမြဲကို ငိုင်တိငိုင်တိုင်နဲ့တကတည်း ဘာဖြစ်​နေမှန်းကိုမသိပါဘူးတော် ကဲ သားငယ်လေးကိုရော နှိုးလာခဲ့ပြီလား...."

"ဟင့်အင်း...ငယ်....ငယ်... အို...."

"ရော လုပ်ပြန်ပြီ ဒီတအိုအိုနဲ့ ညည်းကို သားငယ်လေးကိုနှိုးဖို့ ကျုပ် လွှတ် လိုက်တာ လေ အခု ညည်းက ကလေးကိုမနှိုးဘဲနဲ့ ဒီကိုဘာပြန်လာလုပ်တာတုန်း မိငယ်ရဲ့"

❣❣အို...ဦးနော်❣❣Where stories live. Discover now