part-26

5.4K 250 6
                                    


Unicode

"ဟော လာပြန်ပြီ roseရေ
နောက်တစ်ယောက် "

သားငယ်လေးအိမ်ထဲသို့ဝင်လာသလိုပုံစံမျိုးနှင့်အလောတကြီးပြေးဝင်လာသောမောင်စေတန်ကတော့ သားငယ်​​လေး ကဲ့သို့ အိပ်ခန်းဆီသို့တည့်မတ်စွာတန်းမသွားဘဲမိမိရှိရာဧည့်ခန်းဆီသို့သာ ဖြည်းဖြည်းချင်း လျောက်လှမ်းလို့လာလေသည်။

သို့ပေမဲ့လည်း   သူ့မျက်ဝန်းများထက်မှာတော့ စိုးရိမ်မှုများက ပြည့်နှက်လို့နေလေ​တော့သည်။

"အန်တီရာ သည်းငယ်တစ်ယောက် အိမ်ကို ပြန်ရောက် နေပြီလား ဟင်"

"သူ ငိုရော ငိုလာသေးလား ဗျ"

အိမ်ပေါ်ကိုလည်း တချက်တချက် လှမ်းကြည့်လိုက် မိမိကိုလည်း ​မေးလိုက်နှင့်  စိုးရိမ်တကြီးဖြစ်နေရှာသော မောင်စေတန့်ရဲ့ စကားတို့ကြောင့် သားငယ်လေး အပေါ်တွင် ထားရှိသော ထို​သူငယ်၏ မေတ္တာတရား တို့ကို ဒေါ်အမရာ တစ်ယောက် အတိုင်းတိုင်း မြင်နေရလေသည်။

တယ်လည်း ချစ်တတ်တဲ့ ကလေးပါလားကွယ်....

မိမိအား အသက်မရှူစတမ်း မေးမြန်းနေသော ထိုသူငယ် ကြောင့် တွေးလက်စ အတွေးတို့ကို ခေတ္တခဏ ရပ်တန့်ရင်း ဒေါ်အမရာတစ်ယောက် သူ့အမေးစကားများကိုသာ ဖြေကြားလိုက်လေသည်။

"အင်းလေ အခုလေးတင်ပဲ သား ရှေ့ကနေ ပြန်လာတာလေ ဘာလဲ သားနဲ့မတွေ့လိုက်ဘူးလား"

"မဟုတ်ဘူး အန်တီရာ ကျတော်နဲ့ သည်းငယ် အိမ်ကိုတူတူပြန်လာတာ"

"ဟေ....အဲ့တာဆိုလည်း ဘာလို့ မေမေတို့ကို မေးနေတာတုန်းသားရဲ့"

"ဒီလိုမေမေရေ ပြန်လာတုန်းကတော့ သားနဲ့ သည်းငယ် အတူတူပဲ ပြန်လာတာ ဒါပေမဲ့ လမ်းမှာ ကိစ္စတစ်ခု ကြောင့်
သူကျတော့ကို စိတ်ဆိုးသွားလို့ အဲ့တာ သူတခြား တစ်နေရာများ လျောက်သွားနေသလားလို့ သားမေးကြည့်လိုက်တာပါ..."

"အော် ....ဒီကလေးတွေနဲ့တော့လေ မနက်ဖြန်ပဲ လက်ထပ်ရတော့မဲ့ဥစ္စာကို
အခုချိန်ထိ တစ်ယောက်ကို တစ်ယောက် စိတ်ဆိုးစိတ်ကောက်နေကြတုန်း တကယ်ပဲ ကလေးတွေကျနေတာပဲ"

❣❣အို...ဦးနော်❣❣Dove le storie prendono vita. Scoprilo ora