part-45

4.5K 169 1
                                    

Unicode

မှောင်မိုက်သွားခဲ့ပါပြီ သူ့ကမ္ဘာတစ်ခုလုံး အလင်းရောင်မရှိတော့သည်အထိ မှောင်ရီပျိုးသွားခဲ့ပါပြီ၊

မျက်ဝန်းထက်မှ စက္ခုနှစ်ကွင်းက လောကအလင်းအားဆောင်ကျဥ်းနေပါသော်လည်း နှလုံးသားနုနုမှ အချစ်စက်ကွင်းတို့ကတော့ သူမရှိသည့် အချိန်ကတည်းက အမှောင်တရားတို့ဖြင့် ဖုံးလွှမ်းသွားခဲ့ပါလေပြီ။

အဲ့ဒီနေ့  မိုးတွေပြိုပြီး တိမ်တွေငိုတဲ့နေ့၊ ပြီးတော့  ဦးဆိုသော လူစိမ်းကားကြီး သူ့အား ထားသွား​ခဲ့သောနေ့....

ထိုနေ့မှစလို့ ကလေးဆန်ဆန် နှင့် အမြဲလိုလို ဂျစ်ကန်ကန်  နေတတ်သော ကောင်ဆိုး​လေးတစ်ယောက် သူထားခဲ့ရာ အခန်းထဲ၌ အသည်းအသန်ငိုခဲ့ရသည်ကိုတော့ သူမှလွဲ၍  ထိုလူကြီးသိနိုင်လိမ့်မည်မဟုတ်ပေ။

နေ့စဉ် ရက်စက်ငိုကြွေးနေဆဲမို့လို့ ကျွန်တော့အား
အမှတ်မရှိဘူးလား ဟူ၍ အားလုံးက ဝိုင်းပြောကြပါသော်လည်း သူထားခဲ့ရာ ​ဟောဒီအခန်းငယ်လေးထဲ၌သာ   သူ​ပြန်အလာကို  ကျွန်တော် စောင့်မျှော်နေခဲ့မိသည်။

သို့​ပေမဲ့လည်း မျှော်သာမျှော် ပေါ်မလာသည့်သူ့ကြောင့်  အဆိုးမျက်ရည်များပင် ခန်းခြောက်​ပေတော့မည်။

ထိုအခိုက် အဆိုးသိလိုက်သည်က ပြတင်းပေါက်ဆီသို့ တင်ထားသော သူ့လက်ဖဝါးထက်သို့ တစ်ပေါက်ချင်းရိုက်ခတ်လာသော ငွေရောင်ခြည်မိုးစက်ကလေးများ။

ကောင်ကင်တစ်ခွင်သို့ ပျံလွင့်နေကြသော တိမ်စိုင်တိမ်ခဲတို့က ခဏလေးအတွင်းမှာပင် မိုးရေစက်များအဖြစ် ကမ္ဘာမြေပြင်ထက်သို့ ကျဲပြန့်လာသည်မို့ ပြတင်းတံခါးတွင် တင်ထားဆဲဖြစ်သည့် သူ့လက်ဖဝါးတွင်သာမက သူ့ပါးပြင်ထက်ဆီသို့ပါ မိုးရေစက်များက တစ်စတစ်စ ရောက်ရှိလို့လာခဲ့လေသည်။

လွမ်းမိပါသည်၊ ဘာရယ်ကြောင့် များမသိပေမဲ့ ဒီမိုးတစ်ခါပြိုတိုင်း သူကိုတော့အကြိမ်တစ်ရာမက တမ်းတမ်းတတနှင့်
လွမ်းရပါသည်။

"အဟက်...ဦးငယ်သိအား ဒီနေ့မှ ကိုရွှေမိုးကခါတိုင်းထက်ညိုနေတယ် ဦးရဲ့"

❣❣အို...ဦးနော်❣❣Onde histórias criam vida. Descubra agora