Unicode
အိပ်ရာပေါ်မှ မောင်ငယ်လေးကိုကြည့်လိုက် ၊ ပြုံးစိစိလုပ်လိုက်နဲ့ ဘေးနားကဆေးပုလင်းတွေကို တဖောက်ဖောက်မြည်အောင်ဖောက်နေသော ထိုမိန်းကလေးအား ရပ်ကြည့်နေရင်းကပင် မငယ်တစ်ယောက် သိပ်စိတ်မရှည်တော့ပါချေ။
"ဒီမှာ ဒီမှာ ရှင်ဒီနေ့ ကျမမောင်လေးကို ဆေးရော ထိုးပါအုံးမလား"
"ဘာလို့လဲ "
"ရှင်လုပ်နေတာကိုကြည့်လေ ဘယ့်နှယ့်တော် ရီလိုက် ဆေးဖောက်လိုက်နဲ့ သူ့ကိုယ်သူ ရုပ်ရှင်မင်းသမီးများ အောက်မေ့နေသလားမသိဘူး အံ့သြပ... ရှင်လုပ်နေတာကို ကျုပ်ဒီနားက ထိုင်ကြည့်နေတာ ဆယ့်ငါးမိနစ်တောင်ရှိပြီတော်ရဲ့"
"ဟဲ့သမီးငယ် ဧည့်သည်ကို အဲ့လိုမပြောနဲ့လေ သူလည်းအကြောင်းရှိလို့နေမှာပေါ့..."
"မေမေကလည်း သူလုပ်နေတာကိုကြည့်အုံးလေ"
"မိငယ် မေမေပြောနေတယ်လေ...မပြောနဲ့ဆို တော်လိုက်တော့ ပေါ့..."
မိမိအား အနည်းငယ် အားနာသွားဟန်တူသည့် အဒေါ်ကြီးမှ မငယ်ဆိုသည့်သူမအား မာန်မဲလိုက်သည်မို့ ရန်တွေ့ဟန်ပြင်နေသော ထိုအမနှုတ်ခမ်းတို့ အလိုလို ရပ်တန့်သွားလေသည်။
"အော်.. ဒီက ကလေးမ ကြီးတော်သမီးကို စိတ်မရှိနဲ့နော် သူကအဲ့အတိုင်းပဲ ကဘောက်ကခြောက်နဲ့ရယ်"
"ဟာမေမေ...ကျုပ်က..."
"ကဲတော်လိုက်တော့ အငယ်မ သွား မီးဖိုခန်းထဲကိုသွားလိုက် အဲ့မှာ မိဘုတ်ဟင်းချက်နေတယ် သူ့ကိုသွားကူနေလိုက်"
"မေမေ..."
သမီးဖြစ်သူမိမိအား တစ်ချက်ကလေးတောင်မကြည့်ပါဘဲနှင့် ဟိုမိန်းမမျက်နှာကိုသာ ပြုံးပြုံးကြီးကြည့်နေသော မေမေ့ကြောင့် သူမစိတ်တို့ အစွန်းအစုံထိ ဒေါသတို့ထွက်သွားရလေသည်။
ဆက်နေလျှင်လည်း အပြစ်တွေသာ ဖြစ်နေမှာမို့ ထိုအခန်းထဲမှသာ မငယ်တစ်ယောက်ထွက်လာခဲ့လိုက်သည်။
ဘုန်းဒိုင်းအုန်းဒိုင်း မြည်သွားသော သူမ လမ်းလျောက်သွားသော သူမ ခြေလှမ်းတို့ကတော့ ခြွင်းချက်တစ်ခုအနေနဲ့ပေါ့...

KAMU SEDANG MEMBACA
❣❣အို...ဦးနော်❣❣
Hororမင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့ အချစ်တွေဟာ ဦးနောက်ကို အမြဲတစေလိုက်နေမှာပါ ဦးရယ် 💗💗ကမ္ဘာလွှမ်း💗💗