part-9

7.3K 475 11
                                    

Unicode

"အို..."

အဆိုးရဲ့ကိုယ်လေးအား ရုတ်တရက်ဆိုသလို ကောက်ချီလိုက်သော အနှီလူသားကြီးကြောင့် အဆိုး ရင်တစ်ခုလုံး မိုး ချိန်းသည့်နှယ်​တလှပ်လှပ်ဖြစ်သွားရုံတင်သာမကနုနုနယ်နယ်
နှလုံးသား​တစ်ခုလုံးသည်လည်း ထိန်းချုပ်လို့မရနိုင်အောင် ခုန်ပေါက်လို့နေခဲ့လေသည်။

နိမ့်ချည်မြင့်ချည်နှင့် မြင့်တက်နေသောဦးရဲ့
ကြွက်သားထုကြီးများကြားမှာ တော့ သေးသေးသွယ်သွယ် အဆိုးရဲ့ ကိုယ်လေးဟာ လှိုင်းလေလူးသော ရေ​ပြင်ထက် နစ်မြုပ်ဟန်ပြုနေသော ရွက်လှေငယ်ပမာ နစ်မြုပ်လို့နေခဲ့လေသည်။

တချက်တချက် မြန်မြန်လာသော ထိုလူကြီး၏ နှလုံးခုန်သံတို့အား အတိုင်းအဆမသိ ကြားနေရသည့် အဆိုးအတွက်တော့ ကြားသမျှ အရာရာတိုင်းဟာ ရင်ခုန်ဖွယ် အတိနှင့်ဖြစ်လို့နေလေသည်။

မျက်နှာ လှလှထက် ဖြည်းဖြည်းချင်းသာ မှုတ်ထုတ်နေသော ဝင်လေထွက်လေ နွေးနွေးတို့သည်လည်း အဆိုးစိတ်ဘဝင်ကို ဂယက်ဆင်ကာ ရိုက်ခတ်နေလျက်။

နှလုံးသား၏ စေခိုင်းမှုကြောင့် မိန်းမောသွားခဲ့ရသော ရန်ခုန်သံတို့သည်လည်း
ဖျတ်ခနဲဆို ဝင်ရောက်လာသော အသိစိတ်တို့ကြောင့် ခေတ္တခဏ ငြိမ်သက်သွားခဲ့ရလေသည်။

"ဘာ...ဘာလုပ်တာလဲ လွှတ်ပါ....လွှတ်ပါ ဦးရယ် အထဲမှာမေမေတို့ရှိတယ်လေ ကျတော်ရှက်တယ်ဗျ"

"ကျွတ်..."

စုတ်တစ်ချက်သတ်ရင်းသာ
ရင်ခွင်ထဲတွင် လှုပ်လှုပ်ရွရွဖြစ်နေသော
အကောင်ပေါက်လေးအား ငုံ့မိုးကာသာကြည့်လိုက်လေသည်။

ဝိုင်းစက်ကာ ​ကြည်လင်နေသော မျက်ဝန်းများက မိမိရဲ့ လုပ်ရပ်များကြောင့် ရှက်သွေးရောင်သန်းလို့နေသလို။

နီရဲကာ ပါးလွှာလွန်းလှသည့် နှုတ်ခမ်းနှစ်လွှာတို့သည်လည်း ငုံထွေးချင်စရာ အတိနှင့်ဖြစ်လို့နေလေသည်။

မင်းနဲ့တော့ ခက်တယ်ကလေးငယ်ရယ်....

"ငြိမ်ငြိမ်နေစမ်းပါကွာ...မင်းလမ်းမလျောက်နိုင်တာငါသိတယ် အဲ့တာကြောင့်မို့မင်း ပါးစပ်လေးကိုပိတ်ပြီးတော့ ကိုခေါ်တဲ့နောက်ကို အသာလေးလိုက်လာခဲ့စမ်းပါကွာ"

❣❣အို...ဦးနော်❣❣Où les histoires vivent. Découvrez maintenant