part-25

5.3K 224 0
                                    

Unicode

"ကိုကို...အီး....ကျတော် ကျတော် တောင်းပန်ပါတယ် ကိုကိုရယ်..ဟင့်..ဟင့်"

ချစ်စဖွယ် အတိနှင့် အမြဲတမ်းလိုလို
ရွှန်းလဲ့နေတတ်သော ဒီကလေးလေးရဲ့
မျက်ဝန်းအိမ်များထက်တွင် ဝဲပျံကာ ခိုဆင်းနေကြသော မျက်ရည်စက်က​လေးများကို သူ့လက်တို့ဖြင့် ယုယုယယသုတ်ပေးချင်ပါသော်လည်း ထိုအခွင့်အ​ရေးတို့သည် သူ့ဆီ၌ စိုးစဥ်းမျှပင်မရှိပေ။

ရင်နာရပါတယ် ကို့ကလေးငယ် မင်းမျက်ဝန်းတွေပေါ်က မျက်ရည်တွေကို ကိုကိုသုတ်ပေးချင်ပေမဲ့လည်း ကိုကို့မှာ အဲ့ဒီလောက်ထိအခွင့်အရေးမရှိပြန်ဘူး ကလေးငယ်ရယ်.....

"မငိုပါနဲ့ပူတူးရာ ကို့အတွက်နဲ့တော့ မင်းလေးမငိုပါနဲ့ကွာ ပြီးတော့ ဒီကိစ္စက
ပူတူးကြောင့်ဖြစ်တာမှမဟုတ်တာ မင်းလေးကို့ကို တောင်းပန်စရာမှမလိုတာ"

"ဒါပေမဲ့လည်း.... ဒါ...ဒါက ကျတော့်ကြောင့်ဖြစ်တာလေ အဲ့တော့ ကျတော့မှာ အပြစ်ရှိတယ် မဟုတ်ဘူးလားဟင် ကိုကို"

"ဟုတ်တယ် ပူတူးမှာ အပြစ်ရှိတယ်  ဒါပေမဲ့ အဲ့ဒီအအပြစ်က ပူတူးကြောင့်​တော့မဟုတ်ဘူး"

"ဟင် ....ဘာလို့လဲ ကိုကို "

"ဘာလို့လဲဆိုတော့ ကိုကိုချစ်မိသွားလို့"

"ဗျာ"

သူ့အားကြင်နာစွာ မော့ကြည့်လာသော ပူတူးရဲ့မျက်နှာလှလှလေးကိုကြည့်ရင်း သူ့ရင်ထဲမှစကားများကို ခံစားမှုအတိုင်း ဖွင့်ဖောက်ကာ လွင့်မျောခွင့်ပေးလိုက်တော့လေသည်။

"ကို့စကား​တွေ​ ကြောင့် သိပ်အံ့သြသွားလားဟင် ပူတူးလေး အဟက်.... ဒါကအံ့သြစရာမကောင်းပါဘူးကွာ ကိုကလေ အချစ်တစ်ခုကို အချစ်တစ်ခုထက်ပို​ပြီးချစ်မိသွားလို့ အခုလိုတွေ ဖြစ်သွားခဲ့ရတာပါ အဟက်.....ပူတူးကြားဖူးလားတော့မသိဘူး....ချစ်ရင်ရှုံးတယ်တဲ့
အဲ့ဒီစကားကို ကိုကို ပထမတုန်းကတော့ သိပ်မယုံကြည်ခဲ့ဘူး...ဒါပေမဲ့ အဲ့ဒီစကားက သိပ်ကိုမှန်လွန်းတယ် ကလေးငယ်.....ချစ်မိတဲ့လူတိုင်းက အမြဲတမ်းရှုံးရစမြဲပါ ကလေးရာ"

မျက်ဝန်းအိမ်များထက်မှ ဒုတိယအကြိမ် စိုစွတ်လာသော ကိုကို့မျက်ရည်တွေကို ကြည့်ခြင်းအားဖြင့် သူ့အပေါ်မှာထားရှိတဲ့ ကိုကို့ရဲ့ အချစ်တွေကို သူမြင်နေရပါသည်။

❣❣အို...ဦးနော်❣❣Donde viven las historias. Descúbrelo ahora