part-34

4K 170 8
                                    

Unicode

"ဝှား....."

တနေကုန်လုံး ဟိုပြေးလိုက် ဒီပြေးလိုက်နှင့် အားလပ်ချိန်ပင် မရခဲ့သော ကျတော် အိစက်စက် မွေ့ရာထက်ကို ထိတွေ့လိုက်သည့် တခဏလေးအတွင်းမှာတော့ ထိန်းမရသည့် မျက်လုံးတို့က မှေးဆင်းကာ မှိတ်လာ​တော့သည်။

ဒါ့ကြောင့်မို့လည်း  ခေါင်းရင်းက မီးခလုတ်ကိုသာ အ​မြန်ပိတ်ရင်း အိပ်ရာထက်၌သာ အဝတ်စက်လက်နှင့် စိတ်ချလက်ချ အိပ်ချလိုက်လေ​တော့သည်။

အသွားအပြန် မြေနီလမ်းထက်၌ ဆိုင်ကယ် ဆောင့်ထားသည့် ဒဏ်တွေရော၊ အပြူးမကြောင့် စိတ်မောရသည့်ဒဏ်တွေ​ရောကြောင့်ပါ ရောနှောသွားသဖြင့် ခေါင်းနှင့် ခေါင်းအုံးထိလိုက်သည်ဆိုလျှင်ပဲ မို့မို့ဖောင်းဖောင်း မျက်ခွံလှလှတို့က ဘာမှန်းမသိအောင် တစ်ကျိုးတည်း ​မှေးဆင်းကာ အိပ်ပျော်သွားခဲ့သည်။

ထိုအခိုက်...

နောက်ကျောပေါ်သို့ အေးခနဲဆိုသလိုထိတွေ့လာသည့် အထိအတွေ့တစ်ခုကြောင့် ဝမ်းလျားမှောက်အနေအထားဖြင့် အိပ်ရာထက်၌  မှေးစက်နေသော
ကျတော် ရုတ်တရက်  လန့်နိုးလာကာ ထိုအရာအား အနောက်သို့ ခေါင်းကလေးကို တပတ်လည် လှည့်ရင်းသာ လှည့်ကြည့်မိ​လိုက်လေသည်။

"အမ​လေး....ခင်....ခင်ဗျား ဘယ်သူလဲ..သရဲလား
...ဒါ...မှမဟုတ် .. ဦး....ဦးလားဟင်....ဦးလားလို့ ကျတော် မေးနေတယ်လေ "

အမေးသဘောသာ ရှိပြီး အဖြေဟူ၍ စိုးစဥ်းမျှပင် ပြန်မလာသော ထိုမည်းမည်းအရိပ်ကြောင့် အဆိုးခဗျာ ကြောက်စိတ်တို့ အထွဋ်အထိပ်သို့ ရောက်လာသလို ဇောချွေးများသည်ပင် ခန္ဓာကိုယ်အနှံ့ ထွက်ပေါ်လို့လာသည်။

တစ်ခန်းလုံးလိုလို အမှောင်ချပြီးမှအိပ်တတ်သော ကျတော်၊  ကျောပေါ်မှ ထိုအရာ​ကြီးအား မြင်လိုစောဖြင့် ခုတင်ခေါင်းရင်းတွင် ရှိနေသော အခန်းမီးခလုတ်အား လှမ်းဖွင့်လိုက်သော်လည်း ကျ​တော့သဘောကို နောကြေနေသော ထိုအရာကြီးက ကျ​တော့လက်တို့အားလှမ်းဆွဲရင်း မွှေ့ရာထက်၌ ဆွဲချုပ်လိုက်သည်မို့ မိမိခဗျာ လှုပ်မရအောင် ဖြစ်သွားရလေသည်။  ။

❣❣အို...ဦးနော်❣❣Donde viven las historias. Descúbrelo ahora