part-33

3.7K 158 2
                                    

Unicode

"ဝူး...ဝူး.."

ရွာအဝင်လမ်းတစ်လျောက်လုံး တဒိုင်းဒိုင်းနှင့် အလောသုံးဆယ် မောင်းနှင်လာသော ဆိုင်ကယ်စက်သံ တချို့ကြောင့် ဧည့်ခန်းထဲတွင် ရောက်တတ်ရာရာ ေထွရာလေးပါးပြောဆိုရင်း လက်ဖက်သုပ်စား နေကြသော ဒေါ်အမရာတို့ မိန်းမတွေတစ်သိုက်လုံး ပြတင်းပေါက်မှ အတိုင်းသား မြင်နေရသည့် ရွာအဝင်လမ်း ဆီသို့ သာ လှမ်းကြည့်နေကြလေတော့သည်။

တဖြည်းဖြည်းနှင့် ပိုပိုကျယ်လာသော စက်သံအုပ်အုပ်က သူတို့အိမ်ဘက်ဆီသို့ ဦးတည်ကာ မောင်းနှင်လာသည်မို့ နိနီရဲရဲ ဆိုင်ကယ်မီးတစ်ချို့က သူတို့အိမ်အပေါက်ဆီသို့ တန်းမတ်စွာ ကျနေ​လေသည်။

"ဟော roseရေ ကြားလား ပြောရင်းဆိုရင်း နဲ့တောင် သားတို့နှစ်​ယောက်မြို့ကပြန်လာကုန်ပြီထင်တယ်"

"အင်း စက်သံကတော့ ဒီအသံပဲ အရာရဲ့ မိုးလည်းချုပ်နေပြီဆိုတော့ ဒီဆိုင်ကယ်က သူတို့ဆိုင်ကယ်ပဲ ဟုတ်မှာပါလေ  ကဲ အရာရေ သူတို့မရောက်ခင် ကို တို့တစ်တွေ သွားကြိုလိုက် ရအောင်လား... ဟမ်"

"နေနေ rose ကိုတို့ပဲ သွားကြိုလိုက်တော့မယ် "

"ဖြစ်ပါ့မလား ရာရဲ့ အထုပ်တွေက တစ်နင့်တပိုးကြီးလေ"

"ဖြစ်ပါတယ် roseရယ် ၊ roseသာ ဒီမှာပဲ နေခဲ့ ဟုတ်ပြီလား ကဲ သမီးငယ်ရေ....ဟဲ့သမီး"

"ရွှန်...."

မိမိမှာတော့ ဧည့်သည်ဖြစ်သည့် roseအား အထုပ်သယ်ခိုင်းရမည်မှာ အားနာလွန်းလှသဖြင့် မိမိသမီးငယ်အား အထုပ်သယ် ခေါ်သွားရန် အနောက်သို့လှည့်ခေါ်လိုက်သော်လည်း ၊ ဘယ်အချိန်ကတည်းက ငတ်ကြီးနာကျနေမှန်းမသိသည့် သမီးငယ်ကတော့
လက်ထဲတွင် အသင့်ရှိနေသော လက်ဖက်ခွက်ကြီးကို တစ်ဇွန်းနှင့် တစ်ဇွန်းအဆက်မပြတ်အောင် ပါးစပ်သို့ အတင်းထိုးသွင်းနေဆဲပင်။

"ဟဲ့ အော် ဒီအငတ်မနဲ့တော့လေ ဧည့်သည်တွေတောင် မနှိုက်ရ​သေးဘူး တစ်ပန်းကန်လုံး နင့်လက်နဲ့နင့်ပါးစပ်ကြီးပဲ ကဲထထ...ထ ဟိုမှာပါလာတဲ့ အထုပ်​တွေသွားသယ်ရမယ်"

"တစ်အောင့်လေးပါ မေမေရယ် ဒီမှာ လက်ဖက်က တစ်ဇွန်းစာပဲ ကျန်တော့တာ သူ့ကို ဒီအတိုင်းကြီးထားထားခဲ့ရမှာ နှမြောစရာကြီး ရယ်....ဟဲဟဲ...သမီးလက်စဖြတ်လိုက်အုံးမယ်နော်မေမေ"

❣❣အို...ဦးနော်❣❣Where stories live. Discover now