part-13

6.6K 330 5
                                    

Unicode

"ဦး...."

တဖွဲဖွဲကျနေသော မိုးရေစက်များအကြားမှ ဦးဆိုသော တုံ့ပြန်သံနှင့်အတူ သူ့အားမော့ကြည့်လာသော
သည်းငယ်လေးရဲ့ မျက်ဝန်းလှလှများက ထက်မှာ တော့ ခါတိုင်း​တွေ့​နေကျ ကြင်နာမှုအရိပ်အယောင်တို့ ကင်းစင်နေကာ နာကျည်းမှုဆိုသော မျက်ဝန်းစိမ်းများက သူ့အားစိုက်ကြည့်လို့နေလေသည်။

မဟုတ်ဘူးသည်းငယ်....မဟုတ်ဘူး ကျေးဇူးပြုပြီးတော့ မင်းကိုယ့်ကို အဲ့လိုကြီး မကြည့်ပါနဲ့ကွာ....please

"မင်း ဘာလို့ မိုး​ရေထဲမှာ ဒီလို လျောက်သွားနေရတာလဲ ဟမ် သည်းငယ်...မင်းနည်းနည်းလေးတောင်မှ မစဥ်းစားတတ်ဘူးလား...ကျွတ်...သည်းငယ်ရာ"

အားနည်းလှပါသော မိမိကိုယ်လေးအား  အကြမ်းပတမ်း ကိုင်လှုပ်ရင်း စိုးရိမ်သလိုလိုဟန်ပိုနေသော ဦးကတော့ သိပ်ကို ဟန်ဆောင်ကောင်းလွန်းလှပါသည်။

သို့ပေမဲ့လည်း သူ့ရှေ့တွင် ကျတော်မပြိုလဲချင်တော့ပါ။

ဒါကြောင့်မို့လည်း ဦးဆိုသော သူ့မျက်နှာကို စေ့စေ့ကြည့်ရင်း  ရင်ထဲမှထွက်ပေါ်လာသော မျက်ရည်စကားတို့ကို ရင်နာနာဖြင့် စာစီကုံးကာ ပြောလိုက်တော့လေသည်။

"ဟုတ်တယ် ကျတော်ကဦးပြောသလို
ဘာကိုမှ မစဥ်းစားတတ်တဲ့ အပလာ​ကောင်လေးတစ်ယောက် ပြီးတော့..အီး...ပြီးတော့."

"ပြီးတော့...အချစ်ကို ဘုရားတစ်ဆူကို ကိုးကွယ်နေမိတဲ့ အချစ်ရူးတစ်ယောက် အဲ့တော့ ဘာဖြစ်လဲ....ဘာဖြစ်လဲလို့ အီး...ဟင့်...ဟင့်...."

မျက်ရည်စလေးများနှင့်သူ့​ရှေ့တွင်အ​ကြိမ်​ကြိမ်လဲ​ပြိုနေရှာသော
ကလေးငယ်အား သူကိုယ်တိုင်ထွေးပွေ့ချင်ပါသော်လည်း အသိစိတ်တို့က တားဆီးနေသည်မို့ ရင်နာနာနှင့်သာ ရပ်ကြည့်နေရလေသည်။

မငိုပါနဲ့လား သည်းငယ်ရာ....မင်းလေးငိုရင် ကို့နှလုံးသားလေး သိပ်ကို နာကျင်ရလွန်းလို့ပါကွာ..

"sorry သည်းငယ်ရာ ကိုပြောတာ နဲနဲလွန်သွားတယ်....ကဲပါ လာ စိတ်မဆိုးနဲ့တော့ အိမ်မှာ မေမေတို့စောင့်နေတယ် ကိုနဲ့တစ်ခါတည်းပြန်လိုက်ခဲ့တော့နော်"

❣❣အို...ဦးနော်❣❣Where stories live. Discover now