part-24

5.4K 225 1
                                    


Unicode

ရှက်သည့်စိတ်နှင့် ဒေါသစိတ်တို့ ရောနှောကာ ပေါင်းမိသွားသဖြင့် အရှေ့မှလာသော လူတစ်ယောက်လုံးကိုတောင် မမြင်နိုင်ရှာသော အဆိုးသည် ထိုလူအား တည့်မတ်စွာပင် ဝင်တိုက်မိသွားလေသည်။

"အ....အမလေး"

အနည်းငယ် အား​ပြင်း​သောအရှိန်နှင့်ဝင်တိုက်မိသွားသဖြင့် အနောက်မှရေအိုင်ထဲသို့ လဲကျမလိုလို ယိုင်နဲ့သွားသော သူ့ကိုယ်​လေးအား အဆိုးတစ်ယောက် အလျင်အမြန်ပင်   လှမ်းဆွဲလိုက်​လေသည်။

နူးညံ့အိစက်လှစွာသော အသားအရည်တို့၏ ထိတွေ့မှုကြောင့် အခုလေးတင်  သူတိုက်မိခဲ့သော အနှီလူသားသည် အမျိုးသမီးတစ်ဦးဖြစ်မှန်းကို အဆိုးသိလိုက်ရလေသည်။

ဒါကြောင့်မို့လည်း ထိုအမျိုးသမီးအား တောင်းပန်ရန် အဆိုးတစ်ယောက်  စကားစလိုက်လေသည်။

"အမ အဆင်ပြေရဲ့လား ဗျ"

". ........"

မိမိစကားအား ခေါင်းညိတ်ရုံမျှသာ အဖြေစကားပြုရင်း အနက်ရောင် ဦးထုပ်အောက်မှ လျော့တိလျော့ရဲဖြစ်နေသော  ဆံနွယ်ရှည်များအား
ဖြူနုနု လက်ကလေးများဖြင့်အသာသပ်တင်ရင်း ပြုတ်ထွက်တော့မလိုဖြစ်နေသည့် နှာ​ခေါင်းစည်းအား သူ့နေရာနှင်သူ  နေရာတကျ ပြန်ချနေသော ထိုအမျိုးသမီးသည် အနက်ရောင် ဦးထုပ်အောက်မှ သူ့အား တချက်​မော့ကြည့်လို့လာလေသည်။

ဟင်.....သူ....သူ....

"....အမ...အမက...."

သူ့စကားမဆုံးတောင်မဆုံးသေး
  သူ့ရှေ့မှပြေးထွက်လို့သွားခဲ့​​သော ထိုအမျိုးသမီး​ကြောင့် အဆိုးခဗျာ ထိုနေရာလေး၌ ကြောင်အအလေးနှင့် သာအချိန်အတော်ကြာအောင် ရပ်၍ ကြည့်နေမိလေသည်။

ဆံနွယ်စများ  အောက်မှ တဖိတ်ဖိတ်တောက်ပနေသော  မျက်ဝန်းအိမ်များနှင့် ရုတ်တရက်  သူ့အားမော့ကြည့်ခဲ့သော သူမ မျက်ဝန်းများကြောင့် အဆိုးရင်ထဲ၌ အဖြေရှာမရသော ခံစားမှုကြီးက နိုးထကာအသက်ဝင်လို့လာခဲ့လေသည်။

ထိုခံစားမှုသည်ကား ပျော်ရွှင်ခြင်းမဟုတ် ဆုံးရှုံးခြင်းဆိုသော ခံစားမှုပင်တည်း၊  ညှို့အားပြင်းလှပါသော မျက်ဝန်းများဖြင့် တစ်စုံတစ်ခုအား ညှို့ယူဖမ်းစားရင်း  အဆိုးဘဝထဲမှ ဆွဲထုတ်ချင်နေသော
ထိုအမျိုးသမီးသည် မည်သူသို့သောအရာကို ရည်ညွှန်းနေပါသနည်း။

❣❣အို...ဦးနော်❣❣Where stories live. Discover now