part-21

6K 276 1
                                    


Unicode

ယခုကာလသည် မိုးဦးကျခါစဖြစ်နေသည်မို့ မိုးကောင်းကွင်တစ်ခွင်၌ တိမ်ညိုတိမ်မည်းတို့က ရစ်သိုင်းနေကြသလို စပါးပင်စိမ်းစိမ်းတို့ဖြင့်ဘယ်ညာတိမ်းကာ ယိမ်းနွဲ့နေကြသည့် လယ်ကွင်းပြင်ကြီးများထဲတွင်လည်း လယ်ဂဏန်းတို့က ခပ်စိမ်းစိမ်း ကွင်းပြင်အနှံ့ စားလို့မကုန်အောင်နိုင်အောင် ပေါများလို့နေလေသည်။ ဒါကြောင့်မို့လည်း တစ်ရွာလုံးတွင် ဂဏန်းချိတ် အတော်ဆုံးဖြစ်သော အဆိုးအား လယ်ထဲတွင်  ဂဏန်းလုံးချိတ်​ဖို့ခေါ်ရန်အတွက် မိညိုတို့အပျိုတစ်သိုက် အဆိုးအိမ်သို့ ရောက်ချင်းမလှ ရောက်လာခဲ့လေသည်။ သို့ပေသို့ငြားသော်လည်း  အခုလေးတင်  အိမ်အပေါ်ထပ်ကို တက်သွားပြီဟုဆိုသော အဆိုးအမေကြီး၏ စကားကြောင့် စပ်စလူးမမိညိုတို့တစ်သိုက် အဆိုးတို့အခန်းဆီသို့ ရောက်လာခဲ့လေသည်။

"အ....မ...မကိုက်နဲ့လေ... .အ...နာတယ်လို့....အား....အင့်...."

"အား...ကလေးရာ...ရှီး..."

တံခါးပေါက်နားသို့အရင်ရောက်နှင့်နေ​ပြီဖြစ်သော ဖြူဖြူကျော်မြင့်မြင့်ရွှေမိုးဆိုသည့် ဘွတ်ခြုံကျသည့် ဘွတ်ကလုံမက အခန်းတံခါးကို ဖွင့်ရန် လက်လှမ်းလိုက်သော်လည်း ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသော ညည်းသံသဲ့သဲ့တို့​ကြောင့် သူ့ခဗျာ တောင့်တောင့်လေးဖြစ်သွားရလေသည်။

အိုက်စ်.....

"ဟဲ့ ဟိုးအရှေ့က ရွှေပန်းမ တံခါးမဖွင့်ဘဲနဲ့ ဘာရပ်လုပ်နေတာလဲ ဘာလဲ တံခါးကို ခိုးသွားမလို့​​သေချာ​ကြည့်​​​နေတာလားဟမ်"

အနောက်ဆီမှ ဒေါဇောနဲ့ လှမ်းအော်လိုက်သော ရွာစော်မိခိုင်၏ အသံကြားမှသာ သူမ သတိပြန်ဝင်လာရလေသည်။

ငီး....ဘယ်လိုသတိလစ်ချင်းမျိုးကြီးပါလိမ့်.... ဗက်ဟက်ဟက်

"ဟဲ့ရွှေပန်းမရေ...."

"နင့်အမေကြီးတော် ရွှေပန်းမလား မတာမ လူကိုများလာပြီးတော့ နာမည်ဖျက်နေသေးတယ်"

"အေးလေ အဲ့တာဆိုလည်း ​  တံခါးကို မြန်မြန် ဖွင့်လိုက်တော့လေ ဟိုမှာက မိုးကညို့လာပြီ တကတည်းမှပဲ "

❣❣အို...ဦးနော်❣❣Where stories live. Discover now