part-30

5.4K 208 1
                                    


Unicode

မျက်စိတစ်ဆုံး ကြည့်ရှု၍မဆုံးနိုင်အောင်ကျယ်​ပြောလှစွာသော လယ်ကွင်းပြင်များအနှံ့
စိမ်းရောင်ခြယ် စပါးပင်ကလေးများဖြင့် လှပ​သေသပ်စွာ အပိုအလိုမရှိ  ဖုံးအုပ်ထားသော ကျေးလက်ဒေသ၏ ​မြို့တက်လမ်းလေးတစ်​လျောက်တွင်ကား အဖြူရောင် ခရေပန်းပင်များက
လမ်းဘေးဝဲယာတစ်ဖက်တစ်ချပ်စီ၌ ဘယ်ညာယိမ်းကာဖြင့် အစီအရီ ဖူးပွင့်လို့နေကြလေသည်။

ထို့အပြင် အခန့်အခါသင့်တိုင်း
တစ်ချက်တစ်ချက် ဝေ့ဝေ့ကာတိုက်လာသောလေပြေညှင်း၏ ဆော်သွေးမှုကြောင့် သင့်းပျံ့လာသော ခရေပန်း
ရနံ့တို့သည်လည်း ထိုလမ်းလေးတစ်လျှောက် သင်းပျံ့ကာ မွှေးထုံလို့နေ​ကြကုန်သည်။

"ဦး....."

တောဓလေ့​တောဘဘာဝ၏ ကြည့်ရှု၍ မဆုံးနိုင်သော သဘာဝအလှတရားတို့ကို ငေးမောကာ အသက်ဝင်ရှုစားနေသည့်အခိုက် မိမိအနောက်ဆီမှ မိမိအား ချွဲနွဲ့စွာ ခေါ်လိုက်သော ကလေးငယ်ကြောင့် ရွာအထွက်မှစ၍ အရှိန်တင်ကာ မောင်းနှင်လာသော ဆိုင်ကယ်လေးအား အရှိန်လျော့ရင်း စေတန်တစ်ယောက်  ခေါင်းညိတ်ကာပြလိုက်တော့....

ထိုကလေးငယ်က မိမိခါးလေးကိုတင်းကျပ်စွာတိုးလို့ဖက်ရင်း မိမိပုခုံးပေါ်သို့ ခေါင်းလေးကိုမှီကာ ကလေးတစ်ယောက်သဖွယ်ချွဲနွဲ့လို့လာလေတော့သည်။

အားရား....ဒီအကောင်ပေါက်လေးနဲ့တော့ကွာ....အဟက်

"ချစ်တယ်....ဦးငယ်"

မိမိပုခုံးပေါ်တွင် မှီနေရှာသော အကောင်ပေါက်သေးသေးလေးက မိမိ နား အနားသို့ တဖြည်းဖြည်း  ကပ်လာရင်း ရုတ်တရက်ဆိုသလို ပြောချလိုက်သော စကားကတော့ ချစ်တယ်တဲ့။

လေတိုးသံများက ပဲ ဆူညံနေသည့် အတွက် ကြောင့် လား၊ မိမိနားကပဲ ကြားချင်ရာ ကြားနေသည်ံအတွက် ကြောင့်လား ဆိုသည့် ဒွိဟများကြောင့်
စေတန်တစ်ယောက် သူ့ရှေ့တွင် မြင်နေရသော ဆိုင်ကယ် ဘက်မှန်မှတစ်ဆင့် ထိုကလေးငယ်အားတချက်လှမ်းကာကြည့်လိုက်တော့....ထိုကလေးငယ်က မိမိလည်ပင်းအား အကာအကွယ်ယူရင်း သူ့မျက်နှာလှလှအား ပုန်းကွယ်လို့ထားလေတော့သည်။

❣❣အို...ဦးနော်❣❣حيث تعيش القصص. اكتشف الآن