part-36

4.1K 168 4
                                    


Unicode

ပန်းခင်းထားသည့် မင်္ဂလာ လျောက်လှမ်းလေးထက် ကတ္တီပါ ဖိနပ်လေးပါးလေးကိုစီးရင်းသာ တလှပ်လှပ်နှင့်လှိုက်ဖိုနေသော ရင်ခုန်သံတို့အားအသာထိန်းရင်း သူဆီရာနေရာဆီသို့ မဝံ့မရဲရှက်စိတ်လေးများဖြင့် လူတကာအလယ် မရဲတရဲ ​ေလျာက်လှမ်းလာသောအဆိုးဆိုသည့် ကျွန်​တော်​လေးသည် များမကြာမီ အချိန်လေးအတွင်း၌ပင် သူ့၏ရှေ့တွင်မြင်နေရပြီဖြစ်သောသတိုးသား​ကြီး၏ ရင်နှစ်သည်းချာ  အသည်းအမွှာလေး ဖြစ်ရပေတော့မည်။

အမှန်ပြောရလျှင်သံယောဇဉ်ဖြစ်သည်လို့ပဲပြောလင့်ကစား ထိုလူသားအပေါ်
အမြတ်နိူးဆုံးသော ချစ်ခြင်းမျိုးဖြင့် မခွဲမခွာနိုင်အောင်သူချစ်မိ​နေပါပြီ။

"သိပ်ချစ်တယ် ဦးငယ်ရယ်....  ကျတော့အချစ်တွေကို ဦးငယ်ကတော့ သိနိုင်လိမ့်မယ်မထင် ဒါပေမဲ့ ကျတော့ရင်ထဲက နှလုံးသားလေးကတော့ ခဏခဏထထပြောတယ် သူချစ်တာ ဦးငယ်တဲ့......"

လက်တစ်လှမ်းအကွာပင် မကွာဝေးတော့သော သူ့ဆီသို့ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် အဆိုးဆိုသော ကျတော့၏ ရင်ခုန်အစုံတို့အား  မီးရထားကြီးခုတ်မောင်းသလို ရင်ခုန်သံများဖြင့်သာ တဝုန်းဝုန်းနှင့် ဆူညံ​နေစေ​လျက်။

ထိုအခိုက်....
.

"အို....ဦး....."

ဘာမပြောညာမပြောနှင့် သူ့အား ရုတ်တရက်ဆိုသလို ​​ထွေးပွေ့ကာအတင်းဖက်လိုက်သော ဟိုလူကြီးကြောင့် အဆိုးလေးခဗျာ မျက်နှာလေးတစ်ခုလုံး နီရဲကာအရှက်သွေးတွေ ဖြာကျသွားရလေတော့သည်။

ဒါတင်မကသေးပါဘဲ  ရှက်သည့်စိတ်တို့ကလည်း မိမိတို့နှစ်ဦး၏ ချစ်ခြင်းအား မျက်ဝါးထင်ထင်မြင်လိုက်ရသော မင်္ဂလာ ပွဲလာ ဧည့်ပရိသတ်များကဲ့သို့ပင်  နှုတ်ခမ်းပါးလေးထက်သို့ ဆိုင်းမဆင့်ဘုံမဆင့် ရောက်ရှိသွားလေ​တော့သည်။

"ဟာ.... ပြန်ချပေး ပြန်ချပေး ကျတော့ကိုပြန်ချပေး"

မိမိ၏ ထွေ့ပွေ့မှုများကြောင့် အရှက်သည်းစွာဖြင့်သာ အောက်သို့ အတင်းတွေ  ပြန်ချခိုင်းနေသော သည်းငယ်အား စနောက်ချင်သည့်စိတ်တို့က တားမရလာသည်မို့ သူခေါင်းရမ်းကာပြလိုက်တော့ ထိုကလေးငယ်က သူ့အား ဘုကြည့်ကြည့်ရင်းသာ အခြားတစ်ဘက်ဆီသို့ မျက်နှာမူသွားလေရဲ့။

❣❣အို...ဦးနော်❣❣Onde histórias criam vida. Descubra agora