part-35

3.7K 160 6
                                    

Unicode

မိုးမလင်းခင်ထဲက အခန်းရှေ့မှာလာပြီး လောင်မီးလာကျနေသော မေမေ့ကြောင့် အဆိုးတို့နှစ်ယောက်ခဗျာ ကောင်းမွန်စွာ မအိပ်ရ​တော့သည့်အပြင် အခန်းအပြင်ထွက်ကတည်းက ဗျစ်တောက်ဗျစ်တောက်လုပ်နေဆဲ လုပ်နေမြဲဖြစ်သော မေမေ့ကြောင့်လည်း သူတို့နှစ်ယောက်ခဗျာ  ကိုယ်လက်သန့်စင် ရေချိုးသည့်အလုပ်ကိုပင် တစ်ဆယ့်ငါးမိနစ်ထဲနှင့်အမြန်လုပ်၍ မလှမပမျက်နှာဥဥအား အလှပြင်ရန်အတွက် အခန်းထဲတွင် အသင့်စောင့်ဆိုင်းနေသော မမမြူဆီသို့သာ တန်းသွားလိုက်သည်။

"ကဲ.... လာလာ လာ အသေးလေးရေ မင်္ဂလာပွဲက စတောင်စတော့မယ် ရှင်လေးကတအား  နောက်ကျတာပဲနော် ဒီကထိုင်စောင့်နေတဲ့လူက သစ်ကုလားအုတ်ကြီးကိုဖြစ်လို့ ဟွန့် ပြောကိုမပြောချင်တော့ဘူး ...."

"ဟီး...ဟီး မမကလည်း သားသားက နည်းနည်းလေး နောက်ကျတာကို ဘာလဲ စိတ်ဆိုးတာလား"

"ကဲပါ ထားတော့ ထားတော့ အရင်ဆုံး ထိုင်ခုံပေါ်မှာထိုင်လိုက် ပြီးရင်မျက်လုံးလေးကိုအသာမှိတ်ထားသိလား မမ makeupလူးပေးမယ်"

"Makeup. ...."

"အင်းလေ..... makeup ကဲကဲ မျက်လုံးလေးကိုမှိတ်ထား"

လက်ကလည်း မိမိပါးလေးကိုကိုင်ရင်း ပါးစပ်ကလည်း ပွစိပွစိလုပ်နေသော မမမြူက မှန်တင်ခုံပေါ်တွင် အသင့်ရှိနေသော foundation ဘူးကြီးကို ဖွင့်လိုက်သည်မို့ အဆိုးခဗျာ သိပ်တော့အလိုမကျပေ။

ယောကျာ်းပျိုနှစ်ဦး ချစ်ကြိုးသီလို့ လက်ထပ်သည့် ဒီပွဲမှာ မိန်းမသားနေရာ​နေရမည့် ယောကျာ်းကလေးက တခြားnormal အတွဲများလို မိတ်ကပ်အထူသားကြီးနှင့် မျောက်မကြီးအမွှေးမီးလောင်ထားသလို နီနီရဲရဲ ပါးနီ၊ နှုတ်ခမ်းနီများဖြင့် နေရမည်ဆိုတာကတော့ သိပ်တော့ ဘဝင်မကျလှပေ။

ဒါကြောင့်မို့လည်း မိမိမျက်နှာထက်သို့ ရိုက်ခတ်တော့မည့် မမ​မြူလက်ထဲမှ makeလူးထားသည့် brushအား  ဆွဲလုလိုက်လေသည်။

"ဟော....ကြည့် အဲ့တာက ဘာဖြစ်ရပြန်ပြီတုန်း အသေးလေးရယ် ပေပေး မမကို brushပြန်ပေး"

❣❣အို...ဦးနော်❣❣Where stories live. Discover now