part-50

5.8K 180 1
                                    

Unicode

"အဲ့..အဲ့ဒါဆိုရင် ကျတော့ဗိုက်ထဲမှာ ပုကျိသေးသေးလေး ရှိနေပြီပေါ့​​​နော်ဟုတ်လား...ဦး"

ဗိုက်လုံးလုံးကို ပွတ်ရင်း သူ့အား အမောတကြီးမေးလာသော ကလေးငယ်က သူ့ဗိုက်ထဲမှာ ကလေးရှိနေပြီတဲ့လားတဲ့...

အဟက်...အတော်လည်း အ လွန်းပါတဲ့ ကိုယ့်အသဲတခြမ်းလေးပါလား သည်းငယ်ရာ.......မင်းလေးကတော့ ဘာမှန်းမသိဘဲ ပြောလိုက်ပေမဲ့ ဒီကလူကြီးကတော့ မင်းလေးကြောင့် အလိုလို ပြိုကျနေပြီကွ....သည်းငယ်ရ...

"ဟာ...ဦးငယ်... ကျတော့မေးတာကို ဖြေအုံးလေဗျာ ကျတော့ ဗိုက်လေးထမှာကလေးလေးရှိနေတာလားလို့"

"အင်းလေ... သည်းငယ်ရဲ့ ဘာလဲ မယုံလို့လား"

"အမှန်တိုင်းပြောရရင်  မယုံဘူး "

"ဟမ်...ဘာလို့လဲ သည်းငယ်ရ"

"ဟုတ်တယ်လေဦးရဲ့... ဦးပဲစဥ်းစားကြည့်ပေါ့ ဒီ ဗိုက်ပုစိလေးထဲမှာ ကလေးသေးသေးလေးက ရှိနေတာဆိုတော့ ဒါကြီးက ဖြစ်မှ မဖြစ်နိုင်တာ...ပြီးတော့ ကျတော်က ယောကျာ်းလေး"

"ရော...ဒီကလေးပေါက်စနဲ့တော့ ခက်ပြီ.... ဖြစ်နိုင်လို့ပဲ ဗိုက်ထဲက ကလေးက 3လတောင်ကျော်နေပြီ ဘာလဲ အစကနေ ပြန်သွားချင်လို့ အဲ့တာဆိုရင်လည်း... "

ပြောပြောဆိုဆိုနှင့် မျက်နှာကြီး ပြုံးဖြီးကာဖြင့်သာ ကုတင်ပေါ်တက်တက်လာသော ဦးကြောင့် သူ့ခဗျာ ကြက်သီးများပင် တဖြန်းဖြန်း ထသွားရလေတော့သည်။

"အို....ဦး..ဦးနော်...ဆင်း...ဆင်း....ဆင်း အိပ်ရာပေါ်က အခုဆင်း"

သူ့အိပ်ရာပေါ်တက်သည်ရှိသည်သေး အတင်းကို ပြန်ဆင်းခိုင်းနေသော သည်းငယ်က အရင်ကနဲ့မတူအောင် အရှက်သည်းလို့ နေပြန်တော့သည်။

ပါအို့နှစ်ဖက် နီရဲလို့လာသည်အထိ အရှက်ပိုနေသော ဒီကလေးငယ်က အောက်ထဲမှ ဗိုက်လုံးလုံးလေးကြောင့်လားတော့မသိ အတော်လေးကို ချစ်စရာကောင်းလို့နေလေသည်။

​သူရှက်လည်း မတတ်နိုင်ဘူးလေ ကိုက လွမ်းနေရတဲ့သူဆိုတော့ ဒီအခွင့်အရေးကမဟာအခွင့်အရေးကြီး မဟုတ်လား....

❣❣အို...ဦးနော်❣❣Donde viven las historias. Descúbrelo ahora