part-41

4.2K 169 12
                                    

Unicode

"ကူ....ကူ....ကူ...ကူ"

တောဓလေ့၏ချစ်စဖွယ်သဘာဝအတိုင်း ဟိုပင်ဖျားဆီမှ တစာစာ မြည်ကျွေးနေသော ကိုရွှေချိုးငှက်က ရောင်နီဖြာသော မနက်ခင်းအလင်းတို့အားသူ့အသံ​လေးနှင့်အတူ တပါတည်းယူဆောင်၍ လှပသော နေ့တစ်နေ့ဆီသို့ နေခြည်နွေးနွေးတို့နှင့်အတူ အတူ ယှဥ်တွဲ၍ ကူးခတ်လာခဲ့လေသည်။

ဒါတင်မက သူ့အသံအား
ကောင်ကင်ဖျားတိုင်အောင် ပျံ့လွင့်စေရန်အတွက် သစ်ပင်ဖျားထက်မှ အစွမ်းကုန် ကြိုးစားကာ မြည်ကြွေးနေသော ထိုရွှေချိုးငှက်၏ ဆည်းလည်းသံသဲ့သဲ့တို့သည် ဝန်းကျင်တစ်ခုလုံးတွင်ရှိသော လူသူအပေါင်း၏ စိတ်နှလုံးတို့အား အေးမြကာ လန်းဆန်းစေပါသော်လည်း အိပ်ခန်းတွင်း၌ စောင်ခြုံကာ ကွေးနေရှာသော အိတ်ပုပ်လေးအတွက်တော့ အတော်လေးကိုစိတ် အနှောက်အယှက်ဖြစ်နေလေသည်။

တချက်ချက်နားထဲတွင် ကြားနေရသော ချိုးငှက်တွန်သံမြူးမြူးနှင့် ဘုရားခန်းထဲ၌ အမျှဝေနေသော မေမေရာ၏ အမျှဝေသံသဲ့သဲ့ကြောင့် မနက်မိုးလင်းတော့မည်ဆိုတာကို သူသိလိုက်ရသည်။

သို့ပေမဲ့လည်း ညကတည်းကမှ ကောင်းစွာမအိပ်စက်ရသေးသော သူ့မျက်လုံးတို့သည် မနက်အလင်းရောက်သည့်တိုင်အောင် မည်သို့မျှပင် ဖွင့်လို့မရခဲ့ပေ။

ဒါကြောင့်မို့လည်း ထုံးစံအတိုင်း အိပ်ပုတ်ကြီးကာသာ ဆက်အိပ်နေလိုက်လေ​တော့သည်။

ထိုအခိုက် သူ့ပါးပြင်ပေါ်သို့ ကျရောက်လာသော ခပ်ဆူးဆူး အရာတစ်ခုကြောင့် သူတစ်ကိုယ်လုံး အိပ်ရာထက်၌ အိပ်မရအောင် လွန့်လူးသွားရလေတော့သည်။

"ဟာ...ဦး လွှတ်ကွာ"

သူ့ပါးပြင်တစ်လျှောက် နေမရအောင် ပွတ်တိုက်နေသော
ထိုအရာအား မျက်လုံးဖွင့်မကြည့်တာတောင်သူအတတ်သိလေသည်၊ ထိုအရာသည်ကား  အခြားမဟုတ် ဦးနှုတ်ခမ်းပေါ်မှ ငုတ်စိစိနှင့်  နှုတ်ခမ်းမွှေးများပင်ပေ။

"အာ....ဦးကွာ မဆိုးနဲ့လေကွာ ဒီမှာ အိပ်လို့မရတော့ဘူး....ဟင့်....ဟင့်"

ကလေးပါးပြင်လေးထက် မိိမိနှုတ်ခမ်းအား မထိတထိပွတ်တိုက်လိုက်တော့
သူ့အောက်မှလွန့်လူးကာသာဖြင့်သာ သူ့အား မျက်လုံး​လေးမဖွင့်ပါဘဲနှင့် တွန်းထုတ်နေသည့် ကလေးပေါက်စလေးကတော့ တကယ့်ကို အသည်းယားစရာလေး ဖြစ်လို့နေပြန်သည်။

❣❣အို...ဦးနော်❣❣Dove le storie prendono vita. Scoprilo ora