part-40

4.7K 167 8
                                    

Unicode

"ဝူး....ဝူး....ဝူး"

"ဟော ပြောရင်းနဲ့တောင် သူလာနေပြီ"

ရွာ အဝင်လမ်းဆီသို့ တန်းမတ်စွာ မောင်းနှင်လာသော ဆိုင်ကယ်စက်သံ သဲ့သဲ့ကြောင့် မေခမတစ်ယောက် အလှဆုံးလေးပြုံးကာဖြင့်သာ မှောင်ရိပ်တွင် အသင့်စောင့်စားနေသော ထိုလူ့ကိုသာ လှမ်းပြောလိုက်တော့သည်။

"ကဲ ကိုယ့်လူရေ ကျမတာဝန်တွေတော့ပြီးသွားပြီနော်... အခုက ရှင်လုပ်ဖို့အလှည့်ပဲ ကဲ ဘယ်လိုလဲ  အဆင်သင့်ဖြစ်ပြီလား"

"ကျုပ်အတွက် မပူစမ်းပါနဲ့ ခင်ဗျားလုပ်စရာရှိတာသာ ဆက်လုပ်စမ်းပါ"

"ကောင်းပြီလေ အဲ့တာဆိုရင်လည်း ဒီတစ်ခါတော့ ကျမ ရှင့်ကို ယုံစားလိုက်မယ် ကဲ ဟိုမှာ သူ ကျမတို့နားရောက်တော့မယ် ရှင်ပုန်းစရာရှိတာ ပုန်းထားလိုက်တော့"

"Ok. ...ok"

သူမပြောသမျှ စကားတို့အား
ခေါင်းတငြိမ့်ငြိမ့်နှင့်သာမှောင်ရိပ်ခိုသွားသောသူ့ကိုကြည့်ရင်း မေမခတစ်ယောက် အဆိုးလေးကိုသာ စောင့်နေမိလေတော့သည်။

"ဝူး...ဝူး....ဝူး...."

တစ်ချက်တစ်ချက် ဝေ့ဝေ့လာသော ဆိုင်ကယ် မီးရောင်ဖျော့ဖျော့ကြောင့်
မေမခမျက်လုံးတို့ ကျိန်းစက်လာသဖြင့် မျက်လုံးတို့ကိုမှိတ်လိုက်လေ​တော့​သည်။

သို့ပေမဲ့လည်း ထိုသို့ မှိတ်လိုက်ခြင်းက သူမအတွက် ကံကောင်းခြင်းတို့ ဖြစ်ပေါ်လာခဲ့သည်ကိုတော့ သူမ မသိလိုက်ပေ။

"အမ...အမ....ရရဲ့လားဗျ ကျတော်နည်းနည်း နောက်ကျသွားလို့ တောင်းပန်ပါတယ်နော် အခု အရမ်းကြောက်နေလားဟင်"

ဆိုင်ကယ်အားစက်အမြန်ရပ်ရင်း သူ့ဆီသို့ အတင်းပြေးလာသော ထိုကလေးကြောင့် သူမမျက်လုံးတွေကို ဖွင့်ဟကြည့်လိုက်တော့ သူမ မြင်လိုက်သည်က ခပ်ချောချော ကောင်လေးတစ်ယောက်။

ဖြူဥဥအသားအရည်များထက် ဝိုင်းစက်စက် မျက်လုံးရွဲ​ကြီးများအား
ခပ်မို့မို့ပါးနှစ်ဖက်ဖြင့် ချစ်စဖွယ် ဖုံးကွယ်ထားသော ထိုကလေးကတော့ သူမြင်ဖူးသမျှ ယောကျာ်းလေးတွေထဲမှာ အလှဆုံးပင်။

❣❣အို...ဦးနော်❣❣Tahanan ng mga kuwento. Tumuklas ngayon