part-27

4.7K 220 5
                                    


Unicode

ရှက်သည့်စိတ်တို့​ဖြင့်အငိုက်မိနေသည့်အခိုက်  ရုတ်တရက်ဆိုသလို တွန်းချခံလိုက်ရသော အဆိုးခန္ဓာကိုယ် ပိကျိလေးသည် ဖဲသားတို့ဖြင့် အနားကွပ်ထားသော ပန်း မွေ့ရာထက်သို့
ဆိုင်းမဆင့်ဘုံမဆင့်ရောက်ရှိသွားခဲ့သလို  သူလဲကျသည်နှင့် တပြိုင်နက် သူ့ကိုယ်ပေါ်သို့  တပါတည်း အုပ်မိုးလာသော ဦးခန္ဓာကိုယ်ကြီးသည်လည်း သူ့အား ရုန်းထွက်လို့မရနိုင်အောင် ထိန်းချုပ်လို့ထားခဲ့လေသည်။

ပိုးသားသဖွယ် နူးညံမှုအတိနှင့် အိစက်လွန်းလှစွာသော မိမိလက်လေးများအား နှစ်ဖက်တစ်ဖက်ပေါင်း၍ ချုပ်ကိုင်ထားသော ဦးလက်တစ်ဖက်ကြောင့် အဆိုးခဗျာ သူ့လက်ထဲမှ လွတ်အောင် မည်သို့ရုန်းရုန်း ရုန်း၍ မရနိုင်​လောက်အောင် ဖြစ်သွားရလေတော့သည်။

ထိုသို့မိမိအား သူ့လက်တစ်ဖက်ထဲနှင့်ချုပ်ကိုင်ထားနိုင်သဖြင့် မိမိအား ပြုံးစစလုပ်နေသော  ဦးသည် သူ၏ အခြားလက်တစ်ဖက်အား မိမိခန္ဓာကိုယ်ပေါ်သို့ စတင်၍ အလုပ်ပေးနေတော့လေသည်။

"အို....ဦး...."

"အဟက်....တိတ်တိတ်လေးနေပေးပါ ကလေးရာ"

"အွန့်..."

မိမိ၏ အပြုအမူတို့အား တားဆီးချင်နေသည့် ကလေးလေး၏ နှုတ်ခမ်းပါးတို့အား အညင်သာဆုံးနည်းလမ်းဖြင့် တားဆီးပြီးသည့်နောက်မှာတော့ မိမိအားစွဲဆောင်နေသည့်
ဖြူလွလွ လည်တိုင်နုနုအား တင်းကျပ်စွာ ဖုံးကွယ်ထားသော ဖျင်နီအင်္ကျီပေါ်မှ အနီရောင်ကြယ်သီးလေးများကို တစ်လုံးမကျန် ဖြုတ်ရင်း တစ်စတစ်စပေါ်ထွက်လာသော အသားစိုင်လေးများအား ညင်သာစွာ စုပ်ကိုင်လို့လာလေတော့သည်။

"အ...အင်း....."

ညင်းဆန်ဖို့ခက်ခဲလွန်းလှသည့် အထိအတွေ့တို့၏ လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာသောတဏှာရမ္မက်တို့၏ ဆွဲအားကြောင့် ထွက်ပေါ်လာသော  ညည်းညူသံသဲ့သဲ့တို့သည်  ဦးရဲ့ အနမ်းများအောက်တွင် ပျော်ဝင်နေရှာသော နှုတ်ခမ်းပါးလေးထက်မှတစ်စတစ်စ ထွက်ပေါ်လို့လာလေတော့သည်။

မျက်လုံးအစ နှုတ်ခမ်းအလယ် ဝမ်းဗိုက်အဆုံး မိမိတစ်ကိုယ်လုံးအား ညင်သာမှုအလျဥ်းမရှိ ပြင်းထန်စွာ တရှိုက်မက်မက် နမ်းရှိုက်လာသော  ဦးဆို​​သောထိုလူသား၏ ​ကြောက်ခမန်းလိလိ အနမ်းရိုင်းများသည်ကား အားထန်သော မုန်တိုင်းတစ်ခုပမာ တစ်စတစ်စပြင်းထန်လို့လာခဲ့လေ​ေတာ့သည်။

❣❣အို...ဦးနော်❣❣Nơi câu chuyện tồn tại. Hãy khám phá bây giờ