ep 43

13.5K 1K 117
                                    

Uni+Zaw 

Uni

မျက်လုံးပေါ်ကျရောက်လာသောနေအလင်းရောင်​ကြောင့် ယံလေးနိုးလာသည်။ခေါင်းအောက်ကခေါင်းအုံးနှင့်ကိုယ်ပေါ်တွင်လွှမ်းခြုံထားသောစောင်တစ်ထည်ကိုတွေ့တော့ ကျေနပ်စွာပြုံးမိသည်။ကိုကိုကအပြောပဲရှိသည် သူ့ကိုလုံးဝဂရုမစိုက်ဘဲမနေနိုင်ပါဘူး။အခုလည်းကြည့်လေ....ညကဆိုင်မှာအိပ်ရင်ရဲခေါ်မယ်ပြောပေမယ့်ရဲမခေါ်တဲ့အပြင်သူအိပ်ပျော်နေတုန်းစောင်ပါလာခြုံပေးသွားသည်။လေးနှစ်ကျော်အတွင်းယခုမနက်ခင်းလေးသည် သူ့အတွက်ကြည်နူးစရာကောင်းလှသည်။စောင်ကိုခေါင်းမြီးခြုံလိုက်ရင်း ဟိုလူးဒီလိမ့်နှင့်နှစ်ခြိုက်စွာပြုံးမိနေသည်။

" နိုးနေရင်လည်းထတော့ "

အသံကြား၍ထထိုင်လိုက်တော့အဖြူရောင် Apronကိုဝတ်ထားသော ကိုကို့ကိုတွေ့ရသည်။

" ကိုကို.....နိုးနေပြီလား "

" အင်း...မင်းလည်းနိုးပြီမလား ပြန်တော့။ခဏနေဆိုင်ဖွင့်တော့မှာ "

" ဟုတ်ပြန်မှာပါ။ကိုကို့ကိုဆိုင်ဖွင့်တာကူပေးဦးမယ်လေ "

သက်ပြင်းတစ်ချက်ချပြီး ဘုန်းပြည့်စုံဦးဘာမှ​ပြောမနေတော့ဘဲ ယံလေးရှေ့မှထွက်လာခဲ့လိုက်သည်။
ဆိုင်ရှေ့တံမြက်စည်းလှဲ၊ရေဖြန်း၊မနက်ပိုင်း order တွေအတွက်ချက်ပြုတ်ဖို့ပြင်ဆင်ပြီးအချိန်ကြည့်လိုက်တော့ ၇ နာရီခွဲနေပြီ။Companyသွားရန်အတွက် အိမ်ပြန်ရေချိုးအဝတ်စားလဲရဦးမည်ဖြစ်၍ ယံလေး ကိုကို့ကိုနှုတ်ဆက်လိုက်သည်။

" ကိုကိုကျွန်တော်ပြန်တော့မယ်။ကိုကို့အတွက် မနက်စာပြင်ခဲ့တယ်။ပဲထမင်း​ကြော်ကအိုးထဲမှာစားခါနီးပြန်နွှေးလိုက်နော်။ကြက်ဥ half-fried လည်းကြော်ထားတယ်၊ကရားထဲမှာ ကော်ဖီခါးခါးလေးနှပ်ထားပေးတယ်။ဆိုင်မဖွင့်ခင်စားလိုက်ဦးကိုကို "

ပိုက်ဆံအိတ်နဲ့၊ကားသော့ယူပြီးပြန်ဖို့လုပ်တော့-

" မင်းလည်းတစ်ခါတည်းစားသွားလိုက်လေ "

" ဗျာ.... "

မထင်မှတ်ထားသော ကိုကို့စကားတွင်ယံလေးရင်ထဲတသိမ့်သိမ့်လှုပ်ရှားသွားသည်။

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Nơi câu chuyện tồn tại. Hãy khám phá bây giờ