Uni+Zaw
Uni
ကျွန်တော့်မိဘတွေသည် ကျွန်တော့်အား ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ နေရစေရန်ဟူသော အတိတ်နိမိတ်ဖြင့် ဘုန်းပြည့်စုံဦး ဟူသောအမည်ကိုပေးခဲ့သည်။တကယ်တမ်းတိတိကျကျ ပြောရမည်ဆိုလျှင် အမေတို့က ရွာမှမြို့လူကြုံနှင့် ဗေဒင်ဆရာထံ ပိုက်ဆံပေးပြီးနာမည်မှည့်ခိုင်းခြင်းဖြစ်သည်။ဗေဒင်ဆရာက သားဦးလေးလည်းဖြစ်၊ ဘုန်းကံမြင့်ပြီးပြည့်ပြည့်စုံစုံဖြစ်စေရန် ဘုန်းပြည့်စုံဦး ဟူ၍ ပေးခဲ့သည်။
ကျွန်တော့် အဖေနှင့်အမေ သည်စာမတတ်ကြပါ။
နှစ်ယောက်လုံးရွာတွင် ဥတစ်လုံးတစ်ကောင်
ကြွက်အချင်းချင်း အိမ်ထောင်ကျသည်။လယ်ပိုင်
ယာပိုင်မရှိ၍ ရွာတွင်နေ့စားကောက်စိုက် ပျိုးနှုတ်
စတဲ့အလုပ်တွေကို လုပ်ကိုင်ကြရသည်။သို့သော်အဖေနှင့်အမေသည်ကျွန်တော့်အား ပညာတတ်သိပ်ဖြစ်စေချင်သည်။ သူတို့လို ပညာမတတ် ဆင်းရဲသောဘဝမျိုးမဖြစ်စေချင်။ဆင်းရဲနွမ်းပါးလွန်းသည့်ကြားမှ ကျောင်းကိုမဖြစ်ဖြစ်အောင် ထားပေးသည်။ကျွန်တော်သည်လည်း မိဘများ၏ လယ်ယာများကို ကူလုပ်၊ကျောင်းစာကိုကြိုးစားရင်းနှင့် ငယ်ဘဝ ကိုဆင်းဆင်းရဲရဲ ဖြတ်သန်းခဲ့ရသည်။
ကျွန်တော့်ဘဝ ကိုခလောက်ဆန်မည့်
အချိန်သည်ကျွန်တော် ခုနှစ်တန်းနှစ်တွင် စတင်ခဲ့သည်။အဖေသည် လယ်လုပ်များနားချိန် အပိုဝင်ငွေရစေရန် ရွှေတွင်းတွင် ရွှေကျင်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ခဲ့သည်။ ကံဆိုးသည်က အဖေသည် ရွှေတွင်းမှာပင် ငှက်ဖျားရောဂါဖြင့်ဆုံးပါးသွားခဲ့သည်။ အဖေဆုံးတုန်းကဆိုရင်
ကျွန်တော်ရောအမေပါ ဘဝပျက်မတတ် ငိုကြွေးခံစားခဲ့ရသည်။အဖေ့နာရေးကို ရွာမှာပဲ သရဏဂုံတင်ဆွမ်းကပ်ပြီးရက်လည်လိုက်ရသည်။အဖေ့အလောင်းကိုတော့ အဖေဆုံးရာအရပ်မှာပင် သင်္ဂြိုလ်လိုက်ကြသည်။အဖေရှိရာနေရာထိတောင် ကျွန်တော်တို့ မသွားနိုင်ခဲ့။အဖေဆုံးပြီးနောက် ကျွန်တော်ကျောင်းဆက်မတက်နိုင်ပဲထွက်လိုက်ရသည်။အကြောင်းရင်းက
အမေ့မှာ အဖေ့ဒုတိယမြောက်ကိုယ်ဝန်ကျန်ခဲ့သည်။ ကိုယ်လေးလက်ဝန်မပေါ့မပါး နှင့်အမေ့ကိုအလုပ်လုပ်ခိုင်းပြီး ကျွန်တော်ကျောင်းဆက်မတက်နိုင်။ပင်ပန်းဆင်းရဲစွာအလုပ်လုပ်ရင်း အမေနှင့်မွေးလာမည့် ကျွန်တော့်ညီလေးလား၊ ညီမလေးလား မသိသောကလေးငယ်အတွက် အကိုကြီးအဖရာ တာဝန်ကျေပွန်ရန်ကြိုးစားနေခဲ့သည်။
VOCÊ ESTÁ LENDO
ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED] ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်