Uni+Zaw
Uni
" ငါ မင်းကိုအရှုံးပေးပါပြီ....အရှုံးပေးလိုက်ပါပြီ ယံလေး "
" ငါ့နောက်ကျောကို ဘာလို့ဓါးနဲ့ထိုးရတာလဲ!! "
" ငါ့အသားကိုမထိနဲ့! ရွံတယ်! မထိစမ်းနဲ့ "
ဆူညံသောအော်ဟစ်သံများကြား မျက်လုံးနှစ်လုံးပွင့်လာတော့ ယံလေးရင်အစုံသည် နိမ့်ချည်မြင့်ချည်နှင့် တုန်ယင်မောဟိုက်နေသည်။စက္ကန့်ပိုင်းလောက် အသက်ကိုပြင်းပြင်းရှုပြီးမှ လက်ရှိဘဝနှင့် အိပ်မက်လောကကိုခွဲခြားသိမြင်ရသည်။ ကျစ်!! ဒီအိပ်မက်ဆိုးကြီးကထပ်မက်ပြန်ပြီလား။ Australia မှာနေခဲ့တဲ့နှစ်တွေတုန်းကလည်း ထိုအိပ်မက်ပုံရိပ်တွေက ယံလေးကိုအရိပ်မည်းကြီးတစ်ခုလို အချိန်အတော်ကြာအနှောင့်ယှက်ပေး၍ စိတ်ကျန်းမာရေးအထူးကုနှင့်တောင် ဆွေးနွေးတိုင်ပင်ခဲ့ရသည်။
ထိုအချိန်၊ ထိုနေရာ၊ ထိုမြင်ကွင်း နောက်ပြီးကိုကို့မျက်ရည်တွေ။အိပ်မက်ဆိုသော်ငြား ယံလေးရင်ထဲနာကျင်ရပြန်သည်။ဘယ်တော့မှ ပြန်မတွေးချင်သော မမြင်ချင်သော အတိတ်နေ့စွဲတို့ဖြစ်သည်။
ဖေဖော်ဝါရီလဖြစ်၍ ဆောင်းရာသီ၏ အအေးဓာတ်ရှိနေသော်လည်း ယံလေးတစ်ကိုယ်လုံးချွေးများရွှဲနေသည်။ဘေးသို့စောင်းငဲ့ကြည့်လိုက်တော့ အသက်ရှုနှုန်းမှန်မှန်ဖြင့် နှစ်ခြိုက်စွာအိပ်ပျော်နေသောကိုကို။ ကိုကို့မျက်နှာလေးသည်အေးချမ်းလှပါဘိ။ဖြူစင်သန့်ရှင်းကာ ကြည်လင်နေသောမျက်နှာလေး။တစ်ခဏအတွင်း ယံလေးရင်ထဲအေးချမ်းသွားရသည်။
ထို့နောက် ကိုကို့ရင်ခွင်ထဲခဏတိုးဝင်မိတော့ ခေါင်းအောက်က ကိုကို့လက်မောင်းကိုသတိထားမိသည်။တစ်ညလုံး သူအိပ်ဖို့လက်မောင်းတစ်ဖက်အား ခေါင်းအုံးသဖွယ် ထားပေးထားတာလား။ကိုကို့လက်တွေ နာနေတော့မှာပဲ။ လက်မောင်းကိုအသာဖယ်ကာ ရင်ခွင်ထဲနေရာယူရင်း အိပ်ပျော်နေသော ကိုကို့အားငေးမောကြည့်မိသည်။အခုဆို ကိုကိုသည် အိမ်သို့ပြန်ရောက်နေပြီဖြစ်သည်။ပြန်ရောက်အောင်လည်း ယံလေးအတော်ကြိုးစားလိုက်ရသည်။ဘယ်လိုပဲဖြစ်ဖြစ် ကိုကိုသည် နောက်ဆုံးတော့သူ့ဆန္ဒကိုအမြဲလိုက်လျောပေးခဲ့သည်သာ။
![](https://img.wattpad.com/cover/240812246-288-k108088.jpg)
YOU ARE READING
ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED] ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်