ep 3

19.3K 1.6K 95
                                    

Uni+Zaw

Uni

" ကိုကို ဒီအရောင်လေး ကျွန်တော်နဲ့လိုက်လား "

ဖြူဝင်းသောအသားရည်၊ ပိန်သွယ်သော ခန္ဓာကိုယ်ထက်မှာ မီးခိုးရောင် Hoddie နှင့် Jean ဘောင်းဘီ မိုးပြာရောင် ကိုဝတ်ဆင်ထားသော ကောင်လေးမှာ ချစ်စရာကောင်းလှသည်။အလယ်ခွဲထားသော ဆံပင်နှစ်ဖက်သည် နှဖူးပြေပြေထက်ဝဲလျက်။ ကြည်လင်ဝိုင်းစက်သော မျက်လုံးများနှင့် ပါးလွှလွှ နှုတ်ခမ်းထက်ကော့ညွှတ်နေသော အပြုံးနှင့် ရှပ်အင်္ကျီတစ်ထည်ကိုကိုယ်တွင်ကပ်လျှက် မေးလိုက်သည်။

" အင်း လိုက်တယ်၊ ဝယ်လို့မပြီးသေးဘူးလား ယံလေး"

ဘုန်းပြည့်စုံဦးသည် ယခုလောလောလတ်လတ်မှ ရွှေအိုရောင်ဖျော့ဖျော့ ဆိုးထားသော ယံလေး၏ ဆံပင်တို့ကိုကြည့်ရင်းပြန်ဖြေလိုက်သည်။

ပူအိုက်နေသော နွေရာသီမှာယံလေး၏အဝါရောင်ဆံပင်များကို ကြည့်ပြီးကျွန်တော်စိတ်အိုက်နေမိသည်။ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နှင့် SuperMarket တစ်ခုလုံး ပိုက်စိတ်တိုက်လှည့်ပတ်နေရ၍ ကျွန်တော့်ခြေထောက်များညောင်းနေပြီ။ Company တွင်အလုပ်ရှုပ်နေသည့် ကျွန်တော့်ကို ph ဆက်ပြီး ဆံပင်ညှပ်ဆိုင် သွားရန်လိုက်ခဲ့ပေးဖို့ဇွတ်အတင်းခေါ်သည်။အချိန် နှစ်နာရီခန့်ကြာသော ဆံပင်ဆေးဆိုးခြင်းကို ဆံပင်ညှပ်ဆိုင်တွင် ငုတ်တုတ်ထိုင်စောင့်နေခဲ့ရ
သည်။ဤမျှနှင့်မပြီးသေး စျေးဝယ်ချင်သေးသည်ဆို၍ ကျွန်တော်မှာ ယခုအထုပ်ပေါင်းများစွာကိုဆွဲလျှက် ယံလေးနောက်ကို တစ်ကောက်ကောက် လိုက်နေရခြင်း။

"ပြီးပါပြီကိုကိုရဲ့ ဘာလဲစိတ်မရှည်တာလား"

" မဟုတ်ပါဘူးကွာ "  အတတ်နိုင်ဆုံးစိတ်ကိုလျော့ပြီး ကျွန်တော်ပြန်ဖြေလိုက်သည်။

Company ကိစ္စများနှင့်အရမ်းအလုပ်ရှုပ်နေသည့်ကြားမှ ယခုလိုယံလေး၏ ဝေယျာဝစ္စများကိုလိုက်လုပ်ပေးနေရသည်မှာ စိတ်ရှုပ်ဖို့ကောင်းလှသည်။အစည်းအဝေးမှချက်ချင်းထလာရသည်ဖြစ်သဖြင့် အနောက်တိုင်းဝတ်စုံ အပြည့်အစုံနှင့်
အလွန်ပူအိုက်နေပြီ။ ချက်ချင်းမလာလို့လည်းမဖြစ် ယံလေး၏ ဂျီတိုက်ပြီးခေါ်နေသည်ကို ကျွန်တော်ဆက်ပြီး မခံချင်။ နားပူမခံနိုင်၍ ကျောပူပဲခံလိုက်တော့သည်။

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Where stories live. Discover now