ep 64

13K 918 145
                                    

Uni+Zaw

Uni

မကြာခင်အချိန်တွင် Royal Khant ၏ CEO အသစ်ရွေးချယ်ဖို့ရာဆုံးဖြတ်မည့်အစည်းအဝေးရှိ၍ ယံလေးမအားလပ်အောင်အလုပ်ရှုပ်နေသည်။လည်ပတ်နေပြီဖြစ်သော Project အသစ်ကိုလည်း အစီရင်ခံတင်ပြရမည်ဖြစ်သောကြောင့် ဒီရက်တွေထဲ နယ်ဘက်သို့မကြာခဏခရီးထွက်နေရသည်။ လူအများရှေ့ရောက်လျှင် ရှောင်ဖယ် ရှောင်ဖယ် လုပ်တတ်သည့် ယံလေးအပြုမူကို ဘုန်းပြည့်စုံဦး အနည်းငယ်မကျေမနပ်ဖြစ်မိသော်လည်း အလုပ်တွေနှင့်ပင်ပန်းနေသူကို စိတ်မရှုပ်စေချင်၍ နှုတ်ဆိတ်သာနေလိုက်သည်။နောက် အခြေအနေတွေ တည်ငြိမ်ပြီး အေးအေးဆေးဆေးဖြစ်သွားသည့်အခါမှသာ သေချာစကားပြောရမည်။

" ကိုဘုန်း နေကောင်းလား? "

" ဇွဲသူရ!  မတွေ့တာတောင်ကြာပြီ။ ခရီးကပြန်ရောက်ပြီပေါ့။ ယံလေးရော? "

" အစ်ကိုလေးက နောက်နှစ်ရက်လောက်နေမှ ပြန်လာမယ် ကိုဘုန်း။ဟိုမှာ အလုပ်ကိစ္စလေးတွေမပြတ်သေးလို့သူနေခဲ့တယ်။ကျွန်တော့်ကို ရန်ကုန်မှာခိုင်းထားတဲ့အလုပ်တွေရှိလို့ အရင်ပြန်လွှတ်လိုက်တာ "

" မင်းတစ်ယောက်တည်းပြန်လာတယ်! ယံလေးကို တစ်ယောက်တည်းထားခဲ့တာလားကွာ "

" အဲ့လောက်လည်းစိတ်မပူပါနဲ့။ ကိုဘုန်း ယံလေးက ကလေးမဟုတ်တော့ပါဘူး "

စိုးရိမ်စိတ်ပူစွာ ပြောလာသောကိုဘုန်းကို ဇွဲသူရ ရယ်မောပြောလိုက်ရင်း လက်ထဲမှအထုတ်တစ်ချို့ကမ်းပေးလိုက်သည်။

" အဲ့တာဘာတွေလဲ? "

စိတ်ပူတာ ကလေး၊ လူကြီးခွဲခြားသတ်မှတ်ထားလို့လား? ယံလေးကိုအဖိုးကြီးဖြစ်တဲ့အထိ စိတ်ပူနေဦးမှာပဲ ဆိုတာကိုတော့ ဘုန်းပြည့်စုံဦး စိတ်ထဲကနေသာပြောလိုက်ပြီး ပေးလာသော အထုပ်များကိုယူလိုက်သည်။

" ကိုဘုန်းအတွက် အစ်ကိုလေးထည့်ပေးလိုက်တာ။ဒေသထွက်အစားအစာနဲ့ အမှတ်တရလက်ဆောင်ပစ္စည်းတွေ။ ဆိုင်ကဝန်ထမ်းတွေအတွက်ပါ အများကြီးထည့်ပေးလိုက်တာ။သြော်.... ပြီးတော့မှာလိုက်သေးတယ် ကိုဘုန်းကိုအရမ်းသတိရတယ်တဲ့ "

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Where stories live. Discover now