Uni+ Zaw
Uni
ရှုပ်ယှက်ခတ်နေသောလူများကြား အပြေးအလွှားရှာနေပေမယ့် ယံလေးရော တည်စေနိုင်းပါမတွေ့။တစ်ကိုယ်လုံးချွေးများပြန်လာပြီး ရင်ဘတ်ထဲတင်းကျပ်လာရသည်။အာ....အခုမှသတိရမိတယ်။ယံလေးဆီဖုန်းခေါ်ကြည့်ရမည်။လေယာဥ်ပေါ်မတက်သေးဘူးဆိုရင်တော့ ဖုန်းကိုင်မှာပါ။ဘောင်းဘီအိတ်ကပ်ထဲမှဖုန်းကိုထုတ်လိုက်တော့ သူမြင်နေကျဖုန်းဟုတ်မနေ။Finger Print ဖြင့်ဖုန်းကိုဖွင့်နေပေမယ့် ဖွင့်မရ၍ password နှိပ်ရန် power ခလုတ်ကိုတစ်ချက်ဖိလိုက်ကာမှ ပါးနှစ်ဖက်တွင်သနပ်ခါးပါးကွက်နှစ်ခုနှင့် သွားဖြဲရီပြနေသောဖိုးလုံးပုံမြင်မှ သူ့ဖုန်းမဟုတ်မှန်းသတိရမိသည်။စိတ်တွေပူထူပြီး ဖိုးလုံး ဖုန်းကိုယူလာမိသည်ပဲ။
ကြိုးစားပြီးဖုန်းကိုဖွင့်ကြည့်ပေမယ့်မရ။ရမ်းသန်းခန့်မှန်းပြီးထည့်ကြည့်သော password ဂဏာန်းများမှာလည်းမမှန်။ကျစ်!...သွားပြီ။ယံလေးဆီဖုန်းဆက်မရတော့ဘူး။လေဆိပ်အတွင်းတောက်လျှောက်ပြေးလွှားပြီး ရှာနေ၍တကယ်ပင်မေဟိုက်နေပြီ။အသက်ကိုဝဝရှုရင်း နေရာတွင်ဆောင့်ကြောင့်ထိုင်လျှက် ခဏအမောဖြေလိုက်သည်။မျက်လုံးကိုခနစုံမှိတ်ရင်း နဖူးထက်ဝဲကျနေသောဆံပင်များကိုလက်နှင့်အသာအယာသပ်တင်လိုက်၏။ရင်ထဲတွင်မောဟိုက်တင်းကျပ်နေ၍ အသက်ကိုဖြေးဖြေးချင်းရှုနေစဥ် ခရီးသည်တစ်ချို့ထိုင်နေသောခုံတန်းတွင် သူနှင့်ရင်းနှီးသောပုံရိပ်လေးတစ်ခု။အဖြူရောင်လက်ရှည်အင်္ကျီပေါ် နို့နှစ်ရောင်ဆွယ်တာလက်ပြတ်ပါးပါးပွပွလေးနှင့် ဘောင်းဘီအဖြူရောင်ကိုဝတ်ဆင်ထားသည်မှာ ဖြူဝင်းသောအသားအရေနှင့်လိုက်ဖက်တင့်တယ်သော အဖြူရောင်နတ်သားလေးတစ်ပါးလို။ပါးလွှလွှနှုတ်ခမ်းတို့မှာပြုံးယောင်သန်းနေလျှက်။
တောက်လျှောက်ပြင်းထန်စွာ တုန်ယင်နေသောသူ့နှလုံးသားသည် အခုမှငြိမ်ကျသွားတော့သည်။တော်သေးတာပေါ့ ယံလေးကိုမီလိုက်လို့။သို့ပေမဲ့ ဘေးတွင် ယံလေးနှင့်စကားလက်ဆုံကျနေသောမီးခိုးရောင်ကုတ်အင်္ကျီနှင့် တည်စေနိုင်းကိုမြင်လိုက်တော့ သူလက်သီးကိုတင်းတင်းဆုပ်မိသွားသည်။အခုလေးတင်မှငြိမ်ကျသွားသောရင်အစုံသည် တစ်ဖန်ပြန်လှုပ်ရှားလာသည်နှင့် အတူဒေါသမီးများပါတောက်လောင်လာသည်။ယံလေးရှိရာအမြန်ဆုံးပြေးသွားလိုက်ရင်း.....
![](https://img.wattpad.com/cover/240812246-288-k108088.jpg)
KAMU SEDANG MEMBACA
ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED] ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်