ep 47

13.8K 1K 103
                                    

Uni+Zaw 

Uni

အလယ်ကျကျစားပွဲဝိုင်းတွင်ခြေချိတ်လျှက် ဟန်ပါပါထိုင်နေသောသူအား ဘုန်းပြည့်စုံဦးအံ့သြခြင်းတစ်ဝက်နှင့် အလိုမကျစွာမျက်မှောင်ကုတ်ကြည့်နေမိသည်။ဘယ်သူ့မှဂရုမစိုက်သောမျက်နှာပေးနှင့် ဆိုင်ထဲဝင်လာပြီးကော်ဖီတစ်ခွက်တောင်အေးအေးလူလူမှာလိုက်သေးသည်။ဒီနေ့တော့ အနက်ရောင်တီရှပ်လက်တိုတစ်ထည်ကိုဝတ်ထား၍ လက်မောင်းရှိတက်တူးများကိုအတော်အတန်ပင်မြင်နေရသည်။တီရှပ်နှင့်ဂျင်းဘောင်းဘီကိုသာ ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသော်လည်း သူ့ပုံစံကအရှိန်အဝါတစ်ခုနှင့်အတူထင်းနေသည်။မဆိုစလောက်အညိုရောင်သန်းသောနှုတ်ခမ်းတို့မှာ ပိရိသေသပ်စွာနှင့်အပြုံးကင်းလျှက်။

" မင်း ဒီကိုဘာကိစ္စလာတာလဲ? အပျင်းပြေကော်ဖီလာသောက်တာလို့တော့မပြောနဲ့နော် "

မှာထားသောအငွေ့တစ်ထောင်းထောင်းနှင့် ကော်ဖီတစ်ခွက်ကိုချရင်း ဘုန်းပြည့်စုံဦး ဆို၏။

" ဒါပေါ့....အပျင်းပြေကော်ဖီလာသောက်ရအောင် ကျွန်တော်အဲ့လောက်အားမနေဘူး "

" ဒါဆိုဘာကိစ္စလဲ လိုရင်းကိုဒဲ့ပြော "

ထင်မှတ်ထားသောသူမဟုတ်ဘဲ မမြင်ချင်မတွေ့ချင်သောသူဖြစ်နေ၍ ဘုန်းပြည့်စုံဦး စကားတို့နူးညံ့မနေ။ကိုယ့်ဆိုင်လာတဲ့ customer တစ်ယောက်အနေနဲ့လည်းဆက်ဆံစရာဘာအကြောင်းမှမရှိ။

" ကျွန်တော်ပိုင်တဲ့နေရာကို ကျွန်တော်လာကြည့်တာလေ။ကိစ္စရှိမှလာရမှာလား! "

" ဘာ!! မင်းစကားကဘာလဲ? "

" ရော့....အဲ့မှာကြည့်လိုက် "

ပစ်ပေးလာသောခပ်ပါးပါးအိတ်ထဲမှ စာရွက်တစ်ချို့ကိုထုတ်ကြည့်တော့ဆိုင်ခန်းအရောင်းအဝယ်စာချုပ်တစ်ခု။

" မဖြစ်နိုင်ပါဘူး။ဒီဆိုင်ခန်းကိုအစ်မခိုင်ဆီကနေ ဝယ်လိုက်တဲ့ပိုင်ရှင်အသစ်က ယံလေး......အဟမ်း...ဝေယံမင်းခန့် ပါ "

" ခင်ဗျား မြန်မာစာဖတ်တတ်မယ်ဆို သဘောပေါက်မှာပါ။ဝယ်သူနေရာက နာမည်ကိုသေချာကြည့်လေ ဝေယံမင်းခန့် ဟုတ်လို့လား "

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Onde histórias criam vida. Descubra agora