ep 36

14.2K 1.1K 167
                                    

Uni+Zaw

Uni

" ပင်လယ်စာချဥ်စပ်ထမင်းကြော်နဲ့အာလူးမာလာကိုစားပွဲနံပါတ် ၃ ကိုချလိုက်ဖိုးလုံး "

" ဟုတ်ကဲ့။စတော်ဘယ်ရီဒိန်ချဥ်နှစ်ခွက်၊ တစ်ခွက်ကအုန်းသီးရှောင်မယ် "

" အေး...ငါဖျော်ထားလိုက်မယ် "

" မျိုးသက်နောင် စတော်ဘယ်ရီနှစ်ခွက်စာ blender ထဲထည့်ပြီးကြိတ်ထားလိုက် "

" ဟုတ် ကိုဘုန်း "

ခါကျက်ဥနီများကိုဓားနှင့်လှီးနေရင်း မျိုးသက်နောင်ဖြေလိုက်သည်။

ဘုန်းပြည့််စုံဦး သည်ပန်းကန်စင်ပေါ်မှဖန်ခွက်နှစ်ခွက်ကိုယူကာစားပွဲပေါ်တင်ပြီးရေသန့်ခဲတစ်ချို့ထည့်လိုက်သည်။ထို့နောက် မျိုးသက်နောင် ယူလာပေးသောကြိတ်ချေထားသည့်စတော်ဘယ်ရီ အနှစ်များကိုထည့်ပြီး ရေခဲသေတ္တာဖွင့်၊ဒိန်ချဥ်ထည့်ထားသောစတီးချိုင့်ကိုထုတ်ယူပြီး ဒိန်ချဥ်တစ်ချို့လောင်းထည့်လိုက်သည်။သကြားနှင့် နို့စိမ်းများထည့်အနည်းငယ်မွှေကာ ဘယ်ဘက်ကခွက်ထဲအုန်းသီးတစ်ချို့ဖြူးပြီးနောက် ပန်းရောင်ဇွန်းအရှည်နှင့်ပိုက်တစ်ချောင်းစီထည့်ပြီးသည်နှင့်သောက်ချင်စဖွယ်စတော်ဘယ်ရီဒိန်ချဥ်နှစ်ခွက် ကိုရပြီဖြစ်သည်။

" ဖိုးလုံး  စတော်ဘယ်ရီဒိန်ချဥ်နှစ်ခွက်ရပြီ "

ထို့နောက်ချိူမွှေးအေးစက်နေသော စတော်ဘယ်ရီဒိန်ချဥ်နှစ်ခွက်သည် ကြိမ်စားပွဲပေါ်သို့ရောက်ရှိသွားသည်။တကယ်တော့ ဒီ ' Perfect Foods & Drinks ' ဆိုတဲ့ဆိုင်သည်စားပွဲဝိုင်းငါးဝိုင်း၊ မီးဖိုချောင်တစ်ခန်းနှင့်ဆိုင်သေးလေးဖြစ်သော်လည်း ဒီအခြေနေထိရောက်အောင် ဘုန်းပြည့်စုံဦးအတော်ကြိုးစားခဲ့ရသည်။

ယံလေးကို ကွာရှင်းစာချုပ်ပေးပြီးနောက် သူလားရှိုးမြို့ကိုထွက်လာပြီး တစ်နှစ်ကြာနေခဲ့သည်။အေးချမ်းဆိတ်ငြိမ်လှသော ထိုမြို့လေးတွင် ပူလောင်မွန်းကျပ်ခဲ့သောသူ့စိတ်နှလုံးတွေအေးချမ်းသွားသည်အထိနေထိုင်အနားယူခဲ့သည်။လားရှိုးမြို့တွင် တစ်နှစ်ကြာနေထိုင်စဥ်အတွင်းငွေရေးကြေးရေးစိတ်မပူရအောင် ကူညီပေးသော သူငယ်ချင်းထက်သူ ကိုကျေးဇူးအရမ်းတင်သည်။သူ လားရှိုးရောက်နေစဥ် အဘွားဒေါ်ထိပ်ထားသည် ယံလေးအားလာခေါ်သွားသည်ဆိုတဲ့သတင်းမှလွဲ၍ ယံလေးနဲ့ပတ်သက်ပြီးဘာသတင်းမှမကြားတော့ပါ။သူကိုယ်တိုင်ကလည်း ဘာမှမသိချင်၍ မစုံစမ်းဖြစ်။ဒါတောင် ထက်သူပြောပြလို့သိခြင်းဖြစ်သည်။

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Tempat cerita menjadi hidup. Temukan sekarang