Uni+Zaw
Uni
အိမ်ရှေ့ရောက်ရောက်ချင်း ဘုန်းပြည့်စုံဦးသည် ယံလေးကိုဘာမှမပြောပဲ ကားပေါ်မှဆင်းကာ အိမ်ထဲဝင်သွားလိုက်သည်။
" ပြောလေ! အဲ့အိမ်ကလူတွေက ကျွန်တော့်ထက်ပိုပြီး အရေးပါနေပြီလား!! "
ယံလေးသည် ဧည့်ခန်းထဲသို့နောက်မှပြေးလိုက်လာသည်။
" မင်းကျေနပ်တယ်မလား!! မင်းကြောင့်ငါ့သိက္ခာတွေရစရာမရှိအောင် ကျသွားပြီ ပျော်တယ်မလား!! "
ဘုန်းပြည့်စုံဦးမျက်နှာသည် အေးစက်ကာ ခက်ထန်မာကျောနေသည်။ယံလေး ကိုကို့မျက်နှာကိုကြည့်လိုက်တော့ ဘယ်ဘက်ပါးတွင် လက်ဝါးရာတစ်ခုနှင့်နီရဲနေသည်။
" တောက်!! အဲ့မိန်းမ လက်ကိုဖြတ်ပစ်မယ်!!။ကိုကိုကရော ကိုယ့်ကိုရိုက်လိုက်တဲ့သူတစ်ယောက်ကို တောင်းပန်ခယနေတုန်းလား။ အရိုက်ခံရတာတောင် မနာနိုင်ပဲ အဲ့မိန်းမဘက်က ပါနေတုန်းလား! "
" ဘယ်သူ့ကြောင့် အရိုက်ခံရတာလဲ!
မင်းကြောင့်။မင်းရဲ့ စဥ်းစားဆင်ခြင်မဲ့တဲ့ လုပ်ရပ်တွေကြောင့် ငါအရိုက်ခံရတာ။တစ်သက်လုံး ကြိုးစားတည်ဆောက်လာခဲ့တဲ့ ငါ့သိက္ခာတရားတွေ တစ်စစီပျက်စီးသွားတာလည်း မင်းကြောင့်။ငါ လေးစားခင်မင်ရတဲ့ မိတ်ဆွေတစ်ယောက်ဆုံးရှုံးသွားခဲ့တာလည်း မင်းကြောင့်။ အားလုံးမင်းကြောင့်ပဲ!!!! "" ကျွန်တော် သေချာပြောထားတယ်။ အဲ့မိန်းမနဲ့လုံးဝထပ်မတွေ့ပါနဲ့! ထပ်တွေ့ခဲ့ရင် နောက်
ဆက်တွဲဖြစ်လာမယ့် အခြေနေကိုပါတစ်ခါတည်းကြိုတင်ပြင်ဆင်ထားလို့ ကျွန်တော်သတိပေးထားပြီးသား။ဒါကို အဲ့မိန်းမအိမ်ထိဆိုက်ဆိုက်
မြိုက်မြိုက် ရောက်ချသွားတာက ဘယ်သူ့အပြစ်လဲ!!! "" ဟက်! ငါ့အပြစ်လို့ပြောချင်သေးတာလား။ ငါမင်းကို ပြောစရာစကားမရှိလောက်အောင် စိတ်ပျက်တယ်!! "
ဘုန်းပြည့်စုံဦးရဲ့ စိတ်ပျက်တယ်ဆိုတဲ့စကားမှာ ယံလေးအသားတို့တောင့်တင်းသွားသည်အထိ ဒေါသထွက်သွားသည်။
" ကျွန်တော့်ကို တော့စိတ်ပျက်တယ်! အဲ့မိန်းမအတွက်ကျ အရမ်းကိုသည်းခံနားလည်ပြီး စိတ်မကောင်းဖြစ်တယ်ပေါ့ ဟုတ်လား!! ကျွန်တော့်ပြောစကားကို တစ်စက်မှအရေးမလုပ်ပဲ သူ့အတွက်ကျဒီလိုမွေးနေ့လက်ဆောင်တွေထိပါ ပြင်ဆင်ပေးတာပေါ့...ကြည့်ရအောင်!! ကျွန်တော်မဟုတ်တဲ့ တစ်ခြားမိန်းမတစ်ယောက်ကို ပေးတဲ့ လက်ဆောင်ကဘာလဲ!! "
VOCÊ ESTÁ LENDO
ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED] ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်