Uni+Zaw
Uni
နှစ်ခြိုက်စွာအိပ်ပျော်နေတုန်း ဖုန်းသံကကျယ်လောင်စွာမြည်လာ၍ ယံလေးရုတ်တရက်လန့်နိုးသွားသည်။အိပ်နေကြအိပ်ရာမဟုတ်၍ အိပ်ပျော်အောင်မနည်းကြိုးစားထားရသည်ဆိုကာမှ အိပ်ပျော်ခါစမှာနိုးသွားသောကြောင့် သူဒေါသအနည်းငယ်ထွက်သွားသည်။ringtone သံမြည်နေသောဖုန်းကိုယူကြည့်လိုက်တော့ လင်းမြတ်ဖြစ်နေသည်။
" Hello လင်းမြတ် ပြော "
" ယံလေး မင်းညနေခင်းကြီးအိပ်နေတာလား "
သူ့ရဲ့အိပ်ချင်မူးတူးအသံကြောင့် လင်းမြတ်မေးခြင်းဖြစ်သည်။
" အေးဟုတ်တယ် မင်းဘာပြောမလို့လဲ ပြောလေ "
" သြော် ခနနေမင်းဆီလာခဲ့မယ်လေ အေးဆေးသောက်ကြစားကြတာပေါ့ မင်းအတွက်ဘာဝယ်ခဲ့ရဦးမလဲ? မင်းဘာစားချင်လဲ အဲ့တာလှမ်းမေးတာ "
" ရတယ် ဘာဖြစ်ဖြစ်အဆင်ပြေတယ် မင်းကြိုက်တာဝယ်ခဲ့ "
" အေးအေး ဟုတ်ပြီ အဲ့တာဆိုငါခနနေလာခဲ့မယ် "
" အေး "
ယံလေးဟိုတစ်နေ့က ဘုန်းပြည့်စုံဦးနဲ့စကားများပြီး ထွက်လာကတည်းက အိမ်မပြန်ဖြစ်တာတစ်ပတ်ကျော်ပြီဖြစ်သည်။ Company လည်းသူတစ်ပတ်လုံးမသွားဖြစ်ပဲ ကိုစိုင်းရဲ့ တိုက်ခန်းမှာသူသောင်တင်နေသည်။ကိုစိုင်းက သူ့မိဘတွေနဲ့ အတူနေပေမယ့် တစ်ခါတစ်ရံ သူလွတ်လွတ်လပ်လပ်နေချင်ရင် နေလို့ရရန် သူ့ကိုယ်ပိုင်သီးသန့်
ကွန်ဒိုတိုက်ခန်းတစ်ခုကိုဝယ်ထားသည်။သူရယ်၊ ကိုစိုင်းရယ်၊ လင်းမြတ်ရယ် သုံးယောက်သားသည်လည်း တစ်ခါတစ်လေ ဒီတိုက်ခန်းတွင်ဆုံပြီး သောက်ကြစားကြ game ဆော့တတ်ကြသည်။ယခုတော့ ကိုစိုင်းကသူ့မိသားစုနှင့် ဘုရားဖူးခရီးထွက်သွား၍ ရန်ကုန်တွင်သူနှင့်လင်းမြတ်သာကျန်ခဲ့သည်။
ပြန်အိပ်လို့လည်းမရတော့၍ သူရေချိုးခန်းထဲဝင်ပြီးရေချိုးလိုက်သည်။အိပ်ချင်စိတ်တို့ပြေပြောက်ကာအနည်းငယ်လန်းဆန်းသွားသလိုရှိပေမယ့် ရင်ထဲတွင်တစ်ခုခုကို အလိုမကျသလိုတစ်ဆို့နေသည်။ ရေချိုးအဝတ်စားလဲပြီးနောက်အိပ်ခန်းမှထွက်ကာ ဧည့်ခန်းရှိဆိုဖာဆက်တီတွင် ထိုင်ပြီးTV ကိုဖွင့်လိုက်သည်။ TV ကိုမျက်လုံးမလွှဲပဲကြည့်နေသော်လည်း ဘာတွေလာနေသည်ဆိုတာကိုသူမသိ။စိတ်နှင့်လူ နဲ့မကပ်စွာ သူငူငူငိုင်ငိုင်ဖြစ်နေသည်။
![](https://img.wattpad.com/cover/240812246-288-k108088.jpg)
YOU ARE READING
ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED] ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်