Uni+Zaw
Uni
" Company ကနေ အိမ်ကိုတန်းမပြန်ပဲ ဘယ်တွေသွားခဲ့လဲပြော "
" ညနေစာချက်ဖို့ စျေးဝင်ဝယ်တယ်လေ ဘာဖြစ်လို့လဲ "
ဒေါသမီးဟုန်းဟုန်းတောက်နေသော ယံလေးကို သူနားမလည်သလိုကြည့်နေမိသည်။
" ကျွန်တော့်ကို မလိမ်နဲ့!!! ဘယ်သူနဲ့ဘယ်နေရာမှာတွေ့ပြီး ဘာတွေဖြစ်ခဲ့ကြလဲ "
ဖုန်းထဲကို message ဝင်လာလာချင်းပင် ယံလေးသည် ဘုန်းပြည့်စုံဦးရှိမည့် coffee ဆိုင်ကိုအပြေးအလွှားသွားခဲ့သည်။ဟိုရောက်တော့ ကိုကို့ ကိုမတွေ့ရ။ဒါနဲ့ အိမ်ကိုအမြန်ပြန်လာခဲ့လိုက်သည်။
" သြော်.... စျေးဝင်မဝယ်ခင်က မိတ်ဆွေတစ်ယောက်နဲ့တွေ့ပြီး စကားခနပြောခဲ့တယ် "
" ဘယ်မိတ်ဆွေလဲ!!! "
သိနှင့်ပြီးသားပေမယ့် ယံလေးတမင်မေးလိုက်သည်။
" ရိုးရှင်းမေ လေ။သူနဲ့ ကော်ဖီဆိုင်မှာခနစကားပြောခဲ့တယ် ဘာဖြစ်လို့လဲ "
ယံလေးဒေါသထွက်နေသည့် အကြောင်းအရင်းကို ဘုန်းပြည့်စုံဦး အခုထိနားမလည်သေး။
" အဲ့မိန်းမနဲ့က ဘာအကြောင်းရှိလို့တွေ့ရတာလဲ။နှစ်ယောက်တည်းဖြစ်ချင်တိုင်းဖြစ်ပြီး သာယာနေအောင် အဲ့မိန်းမနဲ့က ဘယ်လိုပတ်သက်နေတာလဲ!! "
" ယံလေး!! မင်းစကားကိုဆင်ခြင်ပြော။ ဟိုတစ်ခါ Super Market မှာသူပျောက်သွားတဲ့ ပိုက်ဆံအိတ်ပြန်တွေ့လို့ ပေးရုံပဲ "
" မလိမ်နဲ့!!! ကျွန်တော့်ကိုလိမ်ဖို့မကြိုးစားနဲ့။ နှစ်ယောက်သား မိုးမမြင်လေမမြင်ဖြစ်ပျက်နေတာကို ကျွန်တော့်မျက်စိနဲ့တပ်အပ်မြင်ပြီးသား "
" မင်းဘာတွေပြောနေတာလဲ ယံလေး။မင်းပြောတာငါ တစ်ခုမှနားမလည်ဘူး "
" ကြည့်လိုက်။ကိုယ့်မျက်လုံးနဲ့ ကိုယ်တိုင်
ကြည့် !! "ယံလေးသည် ကြမ်းပြင်ပေါ်ရှိ i phone ကိုလက်ညှိုး ညွှန်ရင်းပြောသည်။ဘုန်းပြည့်စုံဦး လည်းဖုန်းကိုကောက်ယူပြီးကြည့်လိုက်သည်။
" ဘာကို ကြည့်ရမှာလဲ ယံလေး "
အူကြောင်ကြောင်ဖြစ်နေသည့်သူ့အမေးကို ယံလေးသည် ဒေါသထွက်စွာဖြင့် သူ့ဆီလျှောက်လာကာ Finger print ဖြင့် ဖုန်းကိုဖွင့်ပေးသည်။ဖုန်းမျက်နှာပြင်တွင် ပေါ်နေသည်ကိုကြည့်ပြီး ဘုန်းပြည့်စုံဦး အံ့သြသွားသည်။Coffee ဆိုင်တွင်ထိုင်နေသော သူနှင့်ရိုးရှင်းမေ ပုံဖြစ်သည်။ဘယ်လို ရှုထောင့်ကနေရိုက်ထားသည်တော့မသိ ပုံထဲတွင် သူကမတ်တပ်ရပ်လျှက်အနေထားဖြင့် ထိုင်ခုံတွင်ထိုင်နေသော ရိုးရှင်းမေ ပခုံးကိုထိကိုင်ထားသည်။တစ်နည်းအားဖြင့် ရုတ်တရက်ကြည့်လျှင် ဖက်ထားသလိုအနေထားဖြစ်နေသည်။
VOCÊ ESTÁ LENDO
ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED] ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်