Uni+Zaw
Uni
ညနေငါးနာရီထိုးတော့ အိမ်ပြန်ဖို့ပြင်ဆင်လိုက်သည်။တစ်နေကုန်အလုပ်လုပ်ရတာလည်း စိတ်မပါ။ Royal Khant ၏ CEO နောက်တစ်ယောက်
ပြောင်းသွားပြီဟူသော သတင်းက Company တွင်တစ်မနက်တည်းနှင့် ဟိုးလေးတကျော်ဖြစ်သွားသည်။ခါတိုင်းရက်တွေတော့ ၆ နာရီခွဲလောက်မှအိမ်ပြန်တတ်ပေမယ့် ဒီနေ့တော့ အဘွားကထမင်းလက်ဆုံစားချင်တယ်စောစောပြန်ခဲ့ပါဆိုသောကြောင့် သူပြန်ဖို့ပြင်ဆင်လိုက်သည်။မပြန်ခင်ရုံးခန်းတွင် မနက်က သူရိုက်ခွဲထားသော အပိုင်းအစများကို ရှင်းလင်းရသေးသည်။ထိုစဥ် ph ဝင်လာ၍ ကိုင်လိုက်တော့ ယံလေးဖြစ်နေသည်။" ကိုကို အလုပ်ပြီးပြီလား၊ ပြန်လာတော့မှာလား "
" အင်းပြီးပြီ ကိုယ်အခုပဲ ပြန်လာတော့မလို့ "
" ကျွန်တော်နဲ့ဘွား ကိုကိုနဲ့အတူတူ ညစာစားဖို့စောင့်နေကြတာ၊ အဲ့တာဒီညနေ ကိုကို dinner ချက်ပေးဦး။ အပြန်စျေးဝင်ပြီး ဝယ်စရာရှိတာ တစ်ခါတည်း ဝယ်လာလိုက်လေ။ ကျွန်တော် Chopped Steak ကို မှိုလေးနဲ့စားချင်တာ၊ ပြီးတော့ Mayonnaise Salad လေးနဲ့ Cheese potatoes soup လေးရောပဲ၊ ကျန်တဲ့ side dish ကတော့ ကိုကိုချက်ချင်တာချက်လိုက်။ Wine က အိမ်မှာရှိပြီးသားဆိုတော့ မဝယ်ခဲ့နဲ့တော့၊ အာ... မေ့တော့မလို့ ကျွန်တော့်အတွက် ဂုဏ်ပြုCake လေးပါ ဝယ်ခဲ့ဦး "
ပြောချင်တာတွေကိုတစ်လက်ဆက်ပြောသွားသော ယံလေးစကားများကို သူမနည်းလိုက်မှတ်ရသည်။အဘယ့်ကြောင့်ဆိုသော် သူ့အခြေနေသည် စိတ်နှင့်လူမှ မကပ်တာ။ ကျွန်တော့်ကို ဂုဏ်ပြုဖို့ Cake ဝယ်ခဲ့ပါဦးဆိုတဲ့ စကားမှာတော့ သူ့ရင်တို့ခန အောင့်သက်သွားရသည်။
" အင်းဟုတ်ပြီ ဝယ်ခဲ့လိုက်မယ်လေ "
" အင်းအဲ့တာဆို မြန်မြန်လာခဲ့လိုက်တော့နော် "
ph ချသွားသောscreen ကိုကြည့်ပြီး သူသက်ပြင်းတို့ချမိသည်။Carparking ဆီအမြန်ပြေးရင်း ဝယ်စရာရှိတာများဝယ်ရန် စျေးသို့သာဦးတည်လိုက်တော့သည်။
××××××××××××××××
အိမ်ရှေ့ရောက်တော့ ကားရပ်လိုက်ပြီး နောက်ခန်းထဲမှ ဟင်းချက်စရာအထုတ်များကို လက်တစ်ဖက်နှင့်ရင်ဘတ်ကြားပိုက်၊ ကျန်တစ်ဖက်က
ကိတ်မုန့်ဘူးကို ပုံမပျက်အောင် သေချာကိုင်ရင်း အိမ်ထဲသို့ဝင်လာလိုက်သည်။ဧည့်ခန်းတွင် အဘွားနှင့်ယံလေးသည် ဆိုဖာပေါ်ထိုင်ရင်း အသီးတစ်ချို့ကို စားနေကြသည်။
BẠN ĐANG ĐỌC
ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED] ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်