ep 21

10.9K 934 159
                                    

Uni + Zaw

Uni

အငွေ့တထောင်းထောင်းနှင့် သင်းပျံ့မွှေးသော expresso တစ်ခွက်ကို ဘုန်းပြည့်စုံဦးဖြည်း
ဖြည်းချင်းသောက်နေသည်။Super Market တာဝန်ရှိသူမှ ရိုးရှင်းမေ၏ ပိုက်ဆံအိတ်ပြန်တွေ့သည်ဟု အကြောင်းကြား၍ သူ super market တွင်ပိုက်ဆံအိတ်သွားယူပြီးနောက် ရိုးရှင်းမေနှင့် တွေ့ရန် ယခု coffee ဆိုင်တစ်ဆိုင်တွင် စောင့်ဆိုင်းနေခြင်းဖြစ်သည်။သူရောက်တာ
၁၅ မိနစ်လောက်ရှိပေမယ့် ရိုးရှင်းမေရောက်မလာသေး၍ မှာထားသော ကော်ဖီကိုသာ ဖြည်းဖြည်းချင်းသောက်နေလိုက်သည်။

ခဏအကြာတံခါးဖွင့်သံနှင့်အတူ ဆိုင်ထဲသို့ ရိုးရှင်းမေဝင်လာသည်။မြန်မာဝတ်စုံ ရင်ဖုံးလက်ရှည်လေးနှင့် ဆံပင်ကိုနောက်တွဲဆံထုံးလေး
ထုံးထားသည်မှာ ကျက်သရေရှိနေသည်။

" Sorry ပါနော် ကိုဘုန်း။မေနောက်ကျသွားတယ်။ ထွက်လာခါနီးမှ ဌာနမှူးကခေါ်လို့ နည်းနည်းကြာသွားတာ "

ကျောင်းမှတန်းလာသည်ထင် ဆံထုံးတွင်ရစ်ပတ် ပန်ဆင်ထားသော စံပယ်ပန်းကုံးလေးမှာ အနည်းငယ်ညှိုးနွမ်းနေသည်။သို့ပေမယ့် မွေးပျံ့နေသော ကော်ဖီရနံ့တွေကြား စံပယ်ပန်းနံ့ ခပ်သင်းသင်းလေးက တချက်တချက် ရနေသည်။

" ရပါတယ်ညီမ။ အခုကျောင်းကတန်းလာတာလား "

" ဟုတ်တယ် ကိုဘုန်း "

ထို့နောက် မေသည် စားပွဲထိုးကောင်းလေးထံ cuppucino တစ်ခွက်ကိုမှာသည်။ဘုန်းပြည့်စုံဦး
သည် ပန်းရောင်ခေါက်အိတ်လေးကိုစားပွဲပေါ်တင်လိုက်ရင်း-

" ညီမ ပိုက်ဆံအိတ်ပြန်တွေ့ပြီ။ super market က ယောကျ်ားလေးToilet အမှိုက်ပုံးထဲက တွေ့တာလို့ပြောတယ်။ ခိုးတဲ့သူက ပါလာတဲ့ပိုက်ဆံကိုယူပြီး ကျန်တဲ့အိတ်အခွံကို အမှိုက်ပုံးထဲပစ် သွားပုံရတယ်။စစ်ကြည့်ပါဦး ညီမ "

ရိုးရှင်းမေ သည်ပိုက်ဆံအိတ်ကိုယူပြီး ဖွင့်ကြည့်သည်။

" ကျေးဇူးတင်ပါတယ် ကိုဘုန်း။ ပိုက်ဆံပြန်မရပေမယ့် အရေးကြီးတဲ့မှတ်ပုံတင်နဲ့ ဝန်ထမ်းကဒ် တွေပြန်ရတာကို တော်တော်လေးကံကောင်းနေပါပြီ။မဟုတ်ရင် ပြန်လုပ်ဖို့ မေ အလုပ်တွေရှုပ်တော့မှာ "

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Donde viven las historias. Descúbrelo ahora