Uni+Zaw
Uni
" ခင်ဗျား ကျွန်တော့်ကိုထိုးတယ်!!!! "
ယံလေး စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။ဘုန်းပြည့်စုံဦး ၏လက်သီးချက်မှာအားပါလှသောကြောင့် ယံလေးကြမ်းပြင်ပေါ်သို့ခွေလဲကျသွားသည်။နှုတ်ခမ်းထောင့်တွင်လည်း သွေးများစိမ့်ထွက်လာသည်။
" အေးဟုတ်တယ်! ထိုးတယ်!! မင်းမျက်နှာကို ဒီ့ထက်စုတ်ပြတ်သတ်သွားအောင်ကို လုပ်ချင်သေးတာ!!! "
ထို့နောက်ကြမ်းပြင်ပေါ်တွင် ထိုင်လျှက်လဲကျနေသော ယံလေးအားအင်္ကျီစမှဆွဲကိုင်မြှောက်လိုက်သည်။
" ထစမ်း!!! "
သူ့ပခုံးသာသာလောက်အရပ်၊ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နှင့်ယံလေးမှာ သူ့လက်ထဲစွေ့ခနဲပါလာသည်။နှုတ်ခမ်းထောင့်တွင် စီးကျနေသောသွေးများနှင့်အတူ သူ့အားမော့ကြည့်နေသည်မှာ စူးစူးရဲရဲ။
' ခွပ်!!!! '
ပထမတစ်ခါထက်ပိုအားပြင်းသော လက်သီးချက်တွင် ယံလေးအဝေးသို့လွင့်သွားရသည်။
" အမလေး!! ဘာတွေဖြစ်နေကြတာလဲ? စိတ်ထိန်းကြပါ သားတို့ရယ် "
ထိုစဥ် မနက်ခင်းစျေးမှပြန်လာသော ဦးလေးနှင့်ဒေါ်ကြီးက ဧည့်ခန်းထဲအပြေးအလွှားရောက်လာကြသည်။ဦးလေးက သူ့လက်မောင်းကိုဆွဲကိုင်ရင်း ရှေ့တွင်ဝင်ရပ်ကာ
" စိတ်လျှော့ပါ။ပြဿနာကို ဒေါသရှေ့ထားပြီး မဖြေရှင်းပါနဲ့ကွာ။စိတ်ကိုအေးအေးထားပါ ကိုဘုန်း "
" ကျွန်တော့်ကိုလွှတ်ဦးလေး။ဒီနေ့ ဒီကောင်နဲ့ ကျွန်တော်အပြတ်ရှင်းမှာ!!! "
" မလုပ်ပါနဲ့ ငါ့တူရယ်။လွန်မယ်...စိတ်ကိုလျှော့လိုက်ပါနော် "
ယံလေးဆီခြေလှမ်းနေသော သူ့အားဦးလေးသည်ရှေ့မှ တားဆီးသည်။ဒေါ်ကြီးကတော့ လဲကျနေသော ယံလေးဆီသွားကာ မျက်ရည် စမ်းစမ်းနှင့်-
" ဘယ်လိုဖြစ်ကြတာလဲကွယ်....ကြည့်ပါဦး သွေးတွေလည်းထွက်နေပြီ "
ယံလေးသည်လဲကျနေရာမှထကာ ပါးစောင်အတွင်းထွက်လာသော သွေးများကိုထွေးထုတ်ပစ်လိုက်သည်။
ESTÁS LEYENDO
ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED] ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်