ep 40

16.2K 1.2K 216
                                    

Uni+Zaw

Uni

" ဟော.....ကမ္ဘာ့အဆင့်မီစားပွဲထိုးဝိတ်တာကြီးလာပါပြီခင်ဗျာ "

" ညီလေးရေ အစ်ကိုတို့ဝိုင်းကိုBeer ချကွာ "

ယံလေးဝင်လာသည်နှင့် ကိုစိုင်းနှင့်လင်းမြတ်ကအော်ဟစ်စနောက်ကျသည်။

" အခုရောက်ရှိလာတာကတော့ Company ပိုင်ရှင်စားပွဲထိုးကြီးပဲဖြစ်ပါတယ်ခင်ဗျား "

"မျက်ခွက်ပြောင်မနေနဲ့ လင်းမြတ်။မင်းကရောဘယ်တော့စားရမှာလဲ? ကိုစိုင်း တောင်ကလေးရတော့မယ် "

ယံလေး Australiaသို့ထွက်သွားသည့်အတောအတွင်း စိုင်းနေဖြိုး တစ်ယောက်အိမ်ထောင်ကျသွားသည်။လူငယ်ချင်းလည်းချစ်ပြီး မိဘတွေသဘောတူသည့်အပြင်ဂုဏ်ရည်အဆင့်အတန်းတူအသိုင်းဝိုင်းက ရည်ရည်မွန်မွန် မိန်းကလေးတစ်ယောက်ဖြစ်သည့်အတွက် သူတို့နှစ်ယောက်အိမ်ထောင်ရေးကြား အခက်ခဲသိပ်မရှိခဲ့။လင်းမြတ်ကတော့ အရင်လိုပွေမြဲ ရှုပ်မြဲဖြစ်သည်။အတည်တကျတွဲသူမရှိ။

" မင်းတို့လို အပူမရှာချင်လို့ကွ သိလား! ဒီကောင် ကိုစိုင်း လူစုံလို့ ညနည်းနည်းနောက်ကျပါတယ် သူ့မိန်းမက ဆက်လိုက်တဲ့ဖုန်း။သူ့တစ်ယောက်တည်း တင်မဟုတ်ဘူး ဘေးမှာရှိသမျှလူအကုန်ပတ်ဆက်တာနော်။မိန်းမတွေ တကယ်ပစိပစပ်များတယ် "

ထိုအခါ ကိုစိုင်းက-

" သူ့ယောက်ျားဖြစ်တဲ့ ငါ့ကိုစိတ်ပူလို့ပေါ့ကွ။မင်းလို FA ကောင်ဒါတွေနားမလည်ပါဘူး "

" မိန်းမတွေ ပစိပစပ်များတယ်ဆိုတော့ မင်းကယောက်ျားယူတော့မှာလား "

ဖန်ခွက်အလွတ်တစ်ခုထဲ ရေသန့်ဗူးမှရေတစ်ချို့ထည့်ကာသောက်လိုက်ပြီးယံလေး လင်းမြတ်အားစလိုက်သည်။

" အဲ့တာပိုဆိုးတယ် မင်းကြည့်ပြီးတော့ကိုယောက်ျားယူဖို့ လုံးဝမဖြစ်နိုင်ဘူး။ကိုဘုန်းတစ်ယောက်နဲ့တင် မင်းလည်းပျာယာတွေကိုခတ်နေတာပဲ။အေးအေးဆေးဆေးနေရတယ်ကိုမရှိဘူး "

" ဒါကတော့ ချစ်တာကိုးကွ။ယောက်ျား မိန်းမဆိုတာထက် ကိုယ်ချစ်တဲ့သူဖြစ်နေလို့ပေါ့ "

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Hikayelerin yaşadığı yer. Şimdi keşfedin