ep 29

15.5K 1.1K 517
                                    

Uni+Zaw

Uni

ကျွန်တော့်ငယ်ဘဝသည် ဆင်းဆင်းရဲရဲဖြတ်သန်းခဲ့ရ၍ အသက်ကြီးလာလျှင်ငွေကြေးဥစ္စာပြည့်စုံချမ်းသာစွာဖြင့်နေထိုင်ချင်ခဲ့သည်။ထို့ကြောင့် ငယ်စဥ်ကတည်းက ကျောင်းစာဆိုလည်းကျောင်းစာ၊အလုပ်ဆိုလည်းအလုပ် တာဝန်ကျေသည်ထက်ပိုအောင် အစွမ်းကုန်ကြိုးစားခဲ့သည်။ဆင်းရဲတဲ့ဒဏ်တွေကြောင့် မိဘနှစ်ပါးဆုံးရှုံးခဲ့ရသည်ကိုတွေးမိတိုင်း ကျွန်တော့်ဘဝတွင်တော့ ကျိကျိတက်မချမ်းသာဘူးဆိုရင်တောင် အထိုက်အလျောက် ပြည့်စုံရမည်ဟု ဆုံးဖြတ် ချက်ချခဲ့သည်။ဘဝတွင်ငွေကြေးဥစ္စာပြည့်စုံလျှင် ပျော်ရွှင်စရာကောင်းလိမ့်မည်ဟုကျွန်တော်ထင်ခဲ့သည်။သို့သော်အထင်တို့လွဲခဲ့သည်။

အခုလက်ရှိကျွန်တော့်ဘဝသည် တိုက်ကြီးပေါ်မှာနေရ၊ ကားအကောင်းစားကြီးစီးနေရေပေမယ့် ပျော်ရွှင်စိတ်ချမ်းသာမှုဆိုတာမရခဲ့။ငွေကြေးဥစ္စာပူပန်စရာမလိုတဲ့ အိမ်ထောင်ရေးမျိုးကို ပိုင်ဆိုင်ထားပေမယ့် အိမ်ထောင်ရေးသုခ၊ ပျော်ရွှင်မှုဆိုတာနတ္ထိ။နားလည်မှု၊ ယုံကြည်ဖေးမမှုမရှိသော အိမ်ထောင်ဆက်ဆံရေးသည် ကျွန်တော့်အားအမြဲပူလောင်စေသည်။ဟက်! တကယ်တမ်းတွေးကြည့်မည်ဆိုလျှင် ဒီတစ်လျှောက်လုံးအစစအရာရာ အစွမ်းကုန်ကြိုးစားပေးဆပ်ခဲ့သမျှတွေသည် အဓိပ္ပာယ်မရှိသောလုပ်ရပ်တစ်ခုဖြစ်နေသည်။

ယံလေးထွက်သွားပြီး မနက်ကတည်းကအခု ည ၇နာရီထိုးသည်အထိ အတွေးများစွာနှင့် ဧည့်ခန်းမှာပဲ သူထိုင်နေမိသည်။' မေတ္တာစေရာ 'သို့သွားရန်ပြင်ဆင်ထားသော တိုက်ပုံအင်္ကျီ၊ပုဆိုးတို့တောင်မလဲဖြစ်။ရင်ထဲတွင်လည်း တနုံ့နုံ့နှင့်ဒေါသထွက်သလို စိတ်လည်းမကောင်း။ငယ်ငယ်ကတည်းက ကိုယ့်လက်ပေါ်ကြီးပြင်းလာတဲ့ကလေးကို လက်ပါမိ၍ သူအတော်စိတ်မကောင်းဖြစ်နေမိသည်။ယံလေးအား လက်ပါဖို့မပြောနဲ့ ဘယ်တုန်းကမှ လက်နှင့်ရွယ်ဖို့တောင် စိတ်မကူးခဲ့ဖူးဘူး။အခုတော့ ဒေါသအရှိန်ကြောင့်လွန်ကုန်ပြီ။သို့ပေမယ့်လည်း သူ့အလွန်ချည်းမှမဟုတ်တာ။

' မေတ္တာစေရာ ' က ကလေးငယ်တွေကိုစာသင်ကျောင်းလေးဆောက်ပေးချင်တဲ့ သူ့အိပ်မက်လေးကို ဖျက်ဆီးလိုက်သည်ဆိုတဲ့အသိကသူ့ဒေါသတို့ကို တားမရခဲ့။အခုစိတ်အနည်ထိုင်ပြီး အနည်းငယ်သွေးအေးသွားမှရင်ထဲတွင်မကောင်း။အရွဲ့တိုက်ပြီး စိတ်လိုလက်ရယံလေး မဟုတ်တာတစ်ခုခုလုပ်ပစ်မှာကိုလည်း စိုးရိမ်လာသည်။မဖြစ်သေးပါဘူး။ဖုန်းထုတ်ပြီးခေါ်ကြည့်သည်။မကိုင်။ ညအိပ်ဝတ်စုံပင်မလဲဘဲ ထွက်သွားတာဖြစ်၍ သူစိတ်ပူလာသည်။မှောင်လည်းမှောင်နေပြီ။ဖုန်းခေါ်လို့လည်းမရ၍ သူစိတ်တို့ပူပန်လာရသည်။

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Hikayelerin yaşadığı yer. Şimdi keşfedin