ep 56

13.2K 909 119
                                    

Uni+Zaw

Uni

မြင်မြင်ချင်းအချစ်ဆိုတာတကယ်ဖြစ်နိုင်လား။လူတစ်ယောက်ကိုတွေ့တွေ့ချင်း မိနစ်ပိုင်းအတွင်းမှာ ချစ်သွားတယ်ဆိုတာရော ယုံကြည်ချင်စရာကောင်းလား။တစ်ခြားသူတွေအတွက်တော့မသိပေမဲ့ ကျွန်တော့်အတွက်တော့ ဖြစ်နိုင်သည်ဟုထင်သည်။ဒါပေမဲ့ ဒီလူတစ်ယောက်ကို တွေ့ခါစချက်ချင်းလက်ငင်း ချစ်လိုက်တာ၊သေအောင်ချစ်မိသွားပြီဆိုတာမျိုးတော့ ဘယ်ဟုတ်မလဲ။သို့ပေမဲ့လို့ တစ်ခြားသောသူများထက်ထူးခြားစွာ ဒီလူသားကကိုယ့်ရင်ထဲ စတွေ့ကတည်းက ကိုယ်မသိလိုက်ခင်မှာပဲ ဝင်ရောက်လာတာမျိုးပေါ့။ကျွန်တော်လည်းထိုနည်းတူစွာ ဘုန်းပြည့်စုံဦး ဆိုတဲ့လူသားကိုတွေ့လိုက်ချိန်ကစလို့ ကျွန်တော့်နှလုံးသားရော၊ကျွန်တော့်ဘဝပါ သူ့ကြောင့်အများကြီးပြောင်းလဲသွားခဲ့သည်။ကျွန်တော်ကိုယ်တိုင်သတိမထားမိခင်ကတည်းက သူသည် နှလုံးသားတစ်နေရာအတွင်းနေရာတော်တော်များများယူသွားသည်။

ကိုဘုန်းနဲ့ ဘယ်လိုစတွေ့ခဲ့လဲပြောရမယ်ဆိုရင် ဝေယံမင်းခန့်အကြောင်းကိုအရင်ပြောရမည်။ဝေယံနဲ့စသိခဲ့တာ တက္ကသိုလ်နောက်ဆုံးနှစ်တွင်ဖြစ်သည်။မေဂျာတူအတန်းတူဆိုပေမဲ့ ကျွန်တော်က စာမေးပွဲတွေကျဖူး၍  ဝေယံ့ထက်နှစ်နှစ်ခန့်ကြီးသည်။မှတ်မှတ်ရရ ထိုနေ့တုန်းက ဝေယံ ကျွန်တော့်ရှေ့ရောက်လာပြီး

" ညနေအတန်းပြီးရင် Club သွားရအောင် Bro ကြိုက်သလောက်မှာ။မှာချင်တာအကုန်မှာ ဘာမဆိုနော်။ ကျွန်တော်ဒကာခံမယ် "

ဟူ၍ပြောလာသည်။ကျွန်တော်လည်း အဲ့တုန်းက အိမ်နဲ့အဆင်မပြေစကားများထားတာဆိုတော့ ပိုက်ဆံပြတ်နေသည်။နောက်ပြီး မရှုရတာကြာတော့ လူကယင်းထချင်နေပြီ။အိမ်နဲ့ပြဿနာတက်ရတာကလည်း အဲ့ဒီကိစ္စကြောင့်ပင်။အရက် ဆေးလိပ်အပြင် ဆေးပါကျွန်တော်စွဲနေပြီ။အိမ်ကပေးသမျှ ပိုက်ဆံ၊ကား၊ရွှေငွေ အကုန်ရောင်းပြီး ဆေးချပစ်သည်။နောက်ဆုံး တစ်ယောက်တည်းနေချင်ပါတယ်ဆိုလို့ အိမ်ကဝယ်ပေးထားတဲ့ ကွန်ဒိုတိုက်ခန်းပါ ဆေးနဲ့လဲပစ်လိုက်တော့ ကျွန်တော့်ကိုမကြည်ကြတော့ဘူး။

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Where stories live. Discover now