Uni+Zaw
Uni
" CEO အဆင်ပြေရဲ့လား။ကျွန်တော်နေ့လည်စာလာပို့တာ "
CEOလို့မခေါ်နဲ့တော့ဟု ဘယ်လောက်ပြောပြော ဇွဲသူရ ကသူ့အားCEO ဟုခေါ်နေဆဲဖြစ်သည်။CEO ရာထူးကပြုတ်သွားတာတောင် ဘယ်နှစ်ရက်ရှိနေပြီလဲ? ဒီနေ့လည်း ဇွဲသူရကထုံးစံအတိုင်းသူ့အားနေ့လည်စာလာပို့ခြင်းဖြစ်သည်။ကိုကို့တိုက်ခန်းရှေ့တွင် ယံလေးအားရဲတွေဆွဲခေါ်သွားပြီးနောက်ပိုင်း ရဲစခန်းတွင်အချုပ်ကျနေသည်မှာ ဒီနေ့နဲ့ဆို လေးရက်ရှိပြီ။
ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု၊မူးယစ်ရမ်းကားမှု၊အထိတ်တလန့်ဖြစ်စေမှု စသောစွဲချက်တွေနဲ့အာမခံကလည်းချက်ချင်းရဖို့မလွယ်။Australia မှာရှိနေတဲ့အဘွားကလည်း ဒီကိစ္စကိုသိသိချင်းအပြေးလာချင်ပေမယ့် လာခါနီးမှအဘွားမြေးတစ်ယောက်နေမကောင်းဖြစ်၍ သူ့ဆီမလာဖြစ်တော့။ယံလေးစိတ်မကောင်းဖြစ်မိပေမယ့် အဘွားအားအပြစ်မတင်ရက်ပါ။သူက အစကတည်းက Australia မှာရှိတဲ့ အဘွားမိသားစုဝင်တွေနဲ့နှိုင်းယှဥ်စရာအနေထားတစ်ခုမှာတောင်ရှိသည်မဟုတ်ဘဲ။
" အဘွားဒေါ်ထိပ်ထား လွှတ်လိုက်တဲ့ရှေ့နေအဖွဲ့လည်းရောက်နေပါပြီ။မကြာခင်CEO အာမခံရတော့မှာပါ။ကျွန်တော်တို့အမှုအတွက် အကောင်းဆုံးလုပ်နေပါတယ်။ခဏသည်းခံပေးပါနော် "
ဘာမှပြန်မဖြေဘဲ ခေါင်းသာညိတ်ပြလိုက်သည်။လက်ကအနာတွေသည် ရင်းလာပြီးပြည်များပင်ပေါက်ထွက်နေသည်။ဇွဲသူရက ဆေးတစ်ချို့ယူလာပေးပေမယ့် သူမထည့်ဖြစ်။အချုပ်မကျခင်ကတည်းကအခုထိ မအိပ်ရတဲ့ရက်တွေကြောင့် မျက်ကွင်းများညိုမဲနေပြီး မျက်နှာလည်းချောင်ကျနေသည်။ဇွဲသူရကတစ်နေ့သုံးကြိမ် သူ့အတွက်စားစရာသောက်စရာများယူလာပေးသော်လည်းသူမစားဖြစ်။စားရင်လည်းတစ်ဇွန်းနှစ်ဇွန်းလောက်သာစားပြီးဆက်မစားနိုင်တော့။သူ့စိတ်အစဥ်တစ်ခုလုံး ဘုန်းပြည့်စုံဦး ကလွဲလို့ကျန်တာဘာမှမတွေးနိုင် မသိရှိနိုင်လောက်အောင်ဖြစ်နေသည်။ဒီအချိန်တွင်သူအလိုအပ်ဆုံးကကိုကိုဖြစ်သည်။ကိုကို့ ကိုလည်းအရမ်းတွေ့ချင်သည်။
VOCÊ ESTÁ LENDO
ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED] ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်