ep 19

11.1K 999 70
                                    

Uni+Zaw

Uni

Laptopတွင်အာရုံစူးစိုက်ပြီးအလုပ်လုပ်နေတုန်း ဖုန်းသံကကျယ်လောင်စွာထွက်ပေါ်လာတော့ဘုန်းပြည့်စုံဦးသက်ပြင်းဖွဖွ ချမိသည်။ဒီဖုန်းသံဟာ ဒီရက်ပိုင်းဒီအချိန်ဆို လာနေကျဖြစ်သည်။
သူ့ဖုန်းကမြည်သံတော့မဟုတ်။Shine ကယံလေးအားနေ့လည်စာအတူစားရန် လှမ်းခေါ်သောဖုန်းဖြစ်သည်။အလုပ်လုပ်နေရင်းနှင့် မသိမသာ ယံလေးစားပွဲဘက်ကို ကြည့်မိသည်။

" ဟုတ်ပြီ Shine။ အဲ့ဆိုင်နော်...အေးအေး...ငါလာခဲ့မယ် "

" ........... "

" Omm အခုလာပြီ "

အခုရက်ပိုင်း နေ့လယ်ခင်းထမင်းစားချိန်ရောက်ပြီဆို ယံလေးသည် Shine နှင့်အတူသွားစား
သည်။Shine ကရိုက်ကူးရေးရှိလို့မအားဘူးဆိုရင်တောင် ရှုတင်အထိသွားပြီးစောင့်ကာ နေ့လည်စာအတူစားကြသည်။ကျွန်တော်သိတာပေါ့
ဒါ ယံလေးကျွန်တော့်ကိုအရွဲ့တိုက်နေမှန်း။ဘာမှမပြောချင်လို့သာ ဒီတိုင်းလွှတ်ထားလိုက်သည်။

Company ကကန်တင်း(န်)မှာ တစ်ယောက်
တည်းထမင်းစားပြီးနောက် သူအလုပ်စားပွဲပြန်လာသည်ထိ ယံလေးပြန်မရောက်သေး။နေ့လည်စာကို လကမ္ဘာကဆိုင်ထိသွားစားနေလို့လား!!။ဆက်တွေးနေရင် ဒေါသပဲထွက်မည်ဖြစ်၍ မပြီးပြတ်သေးသောအလုပ်များတွင်သာ အာရုံစိုက်လိုက်သည်။

ခဏအကြာ ယံလေးပြန်ရောက်လာသည်။ သူ ယံလေးရှိရာတစ်ချက်ကြည့်လိုက်တော့ မျက်လုံးချင်းဆုံသွားသည်။ ယံလေးသည် နှုတ်ခမ်းမဲ့ကာ မျက်နှာလွှဲသွား၍ ဘုန်းပြည့်စုံဦးလည်း ခေါင်းကိုရမ်းကာ အလုပ်တွင်ပဲအာရုံပြန်စိုက်လိုက်သည်။လူကအလုပ်လုပ်နေသော်လည်း စိတ်ကမပါ။ ယံလေးနှင့် Shine အကြောင်းသာခေါင်းထဲရောက်ရောက်လာသည်။

ဒီရက်ပိုင်းသူတို့နှစ်ယောက် တွဲသွားတွဲလာ လုပ်လွန်းသည်။စိတ်အတိုရဆုံးကိစ္စကတော့ ယံလေးသည်Shine ရှုတင်ကိုချောင်းပေါက်မတတ် သွားခြင်းဖြစ်သည်။ဒီပုံစံအတိုင်းဆိုရင်တော့ မဖြစ်သေးပါဘူး။ ညနေအိမ်ပြန်ရင် ယံလေးနှင့်အတူပြန်ဖို့ပြောရမည်။တစ်ချိန်လုံးလွှတ်ထားလို့မဖြစ်တော့ပါ။

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Nơi câu chuyện tồn tại. Hãy khám phá bây giờ