Uni+Zaw
Uni
" ငါပြောနေတာမကြားဘူးလား! မင်းလက်မှာသွေးတွေထွက်နေတယ် "
ဘုန်းပြည့်စုံဦးအထိတ်တလန့်အော်လိုက်ရင်းယံလေးလက်ကိုဆွဲကိုင်ကာ ဓါးကိုအဝေးပစ်လိုက်သည်အထိ ယံလေးသည်တုပ်တုပ်မျှမလှုပ်။အကြည့်ချင်းလည်းမဆုံ ခေါင်းကိုငုံ့ထားဆဲဖြစ်သည်။လက်တွင်ထွက်နေသောသွေးများက သံပရာသီးလှီးရာအခံပေါ်တွင်ပြန့်ကျဲနေသည်။
" လက်ကဘယ်လိုဖြစ်တာလဲ?? ငါ့ကိုပြစမ်း!! "
လက်ကိုဆွဲယူကြည့်တော့ လက်ညှိုးနှင့်လက်မတွင် ဓါးရှရာကြီးကြီးတစ်ခုကိုတွေ့ရသည်။ဒဏ်ရာမှာအပေါ်ယံမဟုတ်ဘဲ အတွင်းထိနက်နေ၍သွေးများကမတိတ်။
" ဓါးရှတာလား။သံပရာရည်လေးတစ်ခွက်ဖျော်တာကိုဒီလောက်ထိဖြစ်ရလားဟမ်! "
သွေးတိတ်စေရန် ပန်းကန်စင်ပေါ်မှအဝတ်တစ်ခုကိုယူပြီး လက်ပေါ်ဖိအုပ်ဖို့လုပ်တော့ ယံလေးသည်သူ့လက်ကို ဘုန်းပြည့်စုံဦးထံမှရုန်းထွက်လိုက်သည်။ရုတ်တရက်မို့ ဘုန်းပြည့်စုံဦးအံ့သြသွားပြီး ယံလေးထံအကြည့်တို့စူးရှသွားသည်။အခုချိန်ထိစကားတစ်လုံးမှမဆို၊သူ့ကိုလည်းမကြည့်ဘဲ မျက်လွှာချခေါင်းငုံ့ထားဆဲဖြစ်သည်။မဟူရာနက်ရောင် ဆံပင်တစ်ချို့ကနဖူးပြင်ထက်ဝဲကျနေပြီး မျက်လုံးကိုပါအနည်းငယ်ဖုံးအုပ်နေသည်။
" အရင်ဆုံးသွေးတိတ်အောင်လုပ်ရအောင်။မင်းလက်မှာသွေးတွေအရမ်းထွက်နေတယ် "
သေချာမမြင်ရပေမယ့် ယံလေးမျက်လုံးတွင် အရည်တစ်ချို့ရစ်သိုင်းနေသည်။နေရာတွင်တစ်စက်ကလေးမှမလှုပ် ရပ်မြဲတိုင်းရပ်ကာတုံ့ပြန်မှုမရှိ။ကြာတော့ ဘုန်းပြည့်စုံဦး လည်းဒေါသထွက်လာသည်။
" မင်းဘာဖြစ်နေတာလဲ? ဒီလောက်ဒဏ်ရာရထားတာကို ဒီတိုင်းပဲရပ်နေမှာလား!! သွေးတိတ်အောင်တစ်ခုခုနဲ့စည်းပြီးဆေးခန်းသွားရမယ် "
" ငါ့စကားကိုအရေးလုပ်ဦးမှာလား! ဘာမှပြန်မပြောတော့ဘူးလား!! "
ပုံသေအတိုင်းဆွံ့အနေသူထံ သူအော်ဟစ်မိသည်။ထိုအခါမှ အေးစက်နေသောအသံတိုးတိုးတစ်ခုထွက်လာသည်။
VOUS LISEZ
ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED] ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်